မြန်မာက မတည်ငြိမ်မှုနဲ့ စစ်ပွဲတွေကို ဆန့်ကျင်ကြောင်း တရုတ်ပြော

မြန်မာနိုင်ငံမှာဖြစ်နေတဲ့ မတည်ငြိမ်မှုနဲ့ စစ်ပွဲတွေကို တရုတ်အနေနဲ့ ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး မကြာခင် ပြန်လည်တည်ငြိမ်ဖို့ မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်း (Mao Ning) က နိုဝင်ဘာလ ၂၆ ရက်နေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တရုတ်နိုင်ငံခြားရေဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်း (Mao Ning) အား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်။ Ministry of Foreign Affairs - The People’s Republic of China

မြန်မာနိုင်ငံမှာဖြစ်နေတဲ့ မတည်ငြိမ်မှုနဲ့ စစ်ပွဲတွေကို တရုတ်အနေနဲ့ ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး မကြာခင် ပြန်လည်တည်ငြိမ်ဖို့ မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်း (Mao Ning) က နိုဝင်ဘာလ ၂၆ ရက်နေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒီ့အပြင် ငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်စဉ်ကို ထောက်ပံ့ကူညီပေးဖို့နဲ့ ဆွေးနွေးပွဲဖြစ်လာဖို့ တရုတ်နိုင်ငံအနေနဲ့ တတ်နိုင်သလောက် ဆက်လက်ဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။

တရုတ်နိုင်ငံအနေနဲ့ မြန်မာပြည်မြောက်ပိုင်းအခြေအနေ အပါအဝင် မြန်မာပြည်တွင်းက အခြေအနေတွေကို အနီးကပ် အာရုံစိုက်ထားတယ်လို့ မော်နင်း (Mao Ning) က ပြောပါတယ်။

မြန်မာပြည်မြောက်ပိုင်းက ပဋိပက္ခမှာပါဝင်နေတဲ့ အဖွဲ့အစည်းအားလုံးကိုလည်း တိုက်ခိုက်နေတာတွေရပ်ပြီး ဆွေးနွေးညှိနှိုင်းမှုနဲ့ ဖြေရှင်းကြဖို့ တရုတ်နိုင်ငံက တိုက်တွန်းနေတယ်လို့ ဆိုပါတယ်။

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ထဲက တစ်ဖွဲ့ဖြစ်တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကတော့ စစ်ကောင်စီနဲ့ ဆွေးနွေးသွားဖို့ အသင့်ရှိနေတယ်လို့ နိုဝင်ဘာလ ၂၅ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

အခုနှစ် စက်တင်ဘာလထဲမှာပဲ ကိုးကန့်တပ်မတော် (MNDAA) ကလည်း မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကို တရုတ်က ကြားဝင်စေ့စပ်ဖြေရှင်းပေးဖို့ တောင်းဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org