မြန်မာနိုင်ငံမြောက်ပိုင်းမှာ အပစ်အခတ်ရပ်စဲရေးနဲ့ တွေ့ဆုံဆွေးနွေးရေး တရုတ်တောင်းဆို

တရုတ်နိုင်ငံအနေနဲ့ MNDAA ရဲ့ အပြုသဘောဆောင်တဲ့လုပ်ဆောင်ချက်ကို ချီးကျူးကြောင်းနဲ့ အဖွဲ့အစည်းတွေအားလုံးအနေနဲ့ တည်ငြိမ်အေးချမ်းရေးကို ဦးစားပေးဖို့ လိုအပ်ကြောင်းလည်း ပြောပါတယ်။

တရုတ်နိုင်ငံခြားရေဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ဂျင် (Lin Jian) အား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်။ Ministry of Foreign Affairs - The People’s Republic of China

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမြောက်ပိုင်းက အခြေအနေတွေကို အနီးကပ်လေ့လာစောင့်ကြည့်နေပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ တိုက်ခိုက်မှုတွေအမြန်ဆုံးရပ်တန့်ပြီး ကွဲပြားမှုတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ဖြေရှင်းဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ လင်ဂျင် (Lin Jian) က ဒီဇင်ဘာလ ၄ ရက် ဗုဒ္ဓဟူးနေ့က တိုက်တွန်းလိုက်ပါတယ်။

ကိုးကန့်တပ်မတော် (MNDAA) က အပစ်အခတ်ရပ်စဲကြောင်း ဒီဇင်ဘာလ ၃ ရက်နေ့က ကြေညာခဲ့ပြီး တရုတ်နိုင်ငံရဲ့ စေ့စပ်ညှိနှိုင်းမှုအောက်မှာ မြန်မာစစ်တပ်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဆန္ဒရှိကြောင်း ပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ MNDAA ရဲ့ အပြုသဘောဆောင်တဲ့လုပ်ဆောင်ချက်ကို ချီးကျူးကြောင်းနဲ့ အဖွဲ့အစည်းတွေအားလုံးအနေနဲ့ တည်ငြိမ်အေးချမ်းရေးကို ဦးစားပေးဖို့ လိုအပ်ကြောင်းလည်း ပြောပါတယ်။ အထူးသဖြင့် တရုတ်နယ်စပ်လုံခြုံရေး၊ မြန်မာနယ်စပ်က တရုတ်နိုင်ငံသားတွေနဲ့ စီမံကိန်းတွေ၊ ကုမ္ပဏီတွေ မထိခိုက်စေသင့်ဘူးလို့ သူကပြောပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ထောက်ခံအားပေးဖို့ တရုတ်နိုင်ငံရဲ့ ကတိကဝတ်ကို ပြောခွင့်ရသူ လင်ဂျင် (Lin Jian) က ထပ်လောင်းပြောကြားခဲ့ပြီး တွေ့ဆုံဆွေးနွေးမှုတွေ အဆင်ပြေချောမွေ့စေဖို့ ဆက်လက်ကြိုးပမ်းသွားမှာဖြစ်တယ်လို့ ပြောကြားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org