မြေယာလျော်ကြေးပေးရေး တရုတ်ကုမ္ပဏီ နဲ့ ကျောက်ဖြူဒေသခံတွေ ညှိနှိုင်း

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှာ တရုတ်နိုင်ငံပိုင် CNPC (China National Petroleum Cooperation) ကုမ္ပဏီက သိမ်းဆည်းထားတဲ့ လယ်ယာမြေ ဧက ၁၀၀ ကျော်အတွက် လာမယ့် သြဂုတ်လအတွင်းမှာ လျော်ကြေးပေး မှာဖြစ်ကြောင်း ကုမ္ပဏီတာဝန်ရှိသူတွေက ဒေသခံတွေနဲ့ ဒီနေ့ ညှိနှိုင်းကြပါတယ်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှာ တရုတ်နိုင်ငံပိုင် CNPC (China National Petroleum Cooperation) ကုမ္ပဏီက သိမ်းဆည်းထားတဲ့ လယ်ယာမြေ ဧက ၁၀၀ ကျော်အတွက် လာမယ့် သြဂုတ်လအတွင်းမှာ လျော်ကြေးပေးမှာဖြစ်ကြောင်း ကုမ္ပဏီတာဝန်ရှိသူတွေက ဒေသခံတွေနဲ့ ဒီနေ့ ညှိနှိုင်းကြပါတယ်။

မဒေးကျွန်းဒေသခံတွေက လျော်ကြေးငွေရရှိရေးအတွက် မနက်ဖြန် ဇူလိုင်လ ၂၉ ရက်နေ့မှာ ဆန္ဒပြတောင်း ဆိုဖို့ ပြင်ဆင်နေတာကို ကုမ္ပဏီတာဝန်ရှိသူတွေက ဒီနေ့လာရောက်ညှိနှိုင်းခဲ့တဲ့အတွက် ဆန္ဒပြပွဲကို ဖျက်သိမ်းလိုက်တယ်လို့ မဒေးကျွန်းဒေသခံ ဦးထွန်းကြည်က ပြောပါတယ်။

"အဲဒီ့မြေယာကိစ္စတွေကို ရဖို့အတွက် ဆန္ဒထုတ်ဖော်တာလေ၊ ကုမ္ပဏီက အကုန်လိုက်လျောပေးမယ် ဆန္ဒမထုတ်ဖော်ပါနဲ့ဆိုပြီး ဆွေးနွေးပါတယ်"

ကုမ္ပဏီက သိမ်းဆည်းထားတဲ့ မြေဧက ၁၀၀ ကျော်အတွက် တစ်ဧကကို ကျပ် ၁၀ သိန်း ဝန်းကျင်ပေးအပ်မှာဖြစ်ပြီး အဲဒီမြေယာဧက ၁၀၀ ကျော်ကို ဒေသခံတောင်သူ ၃၀ လောက် ပိုင်ဆိုင်တာဖြစ်ပါတယ်။

ဒီနေ့ တွေ့ဆုံပွဲမှာ တရုတ် CNPC ကုမ္ပဏီရဲ့ စီမံကိန်းတာဝန်ရှိသူတွေ၊ စွမ်းအင်ဝန်ကြီးဌာန MOGE တာဝန်ရှိသူတွေက ဒေသခံတွေကို တွေ့ဆုံညှိနှိုင်းခဲ့တာ ဖြစ်ပါတယ်။

CNPC ကုမ္ပဏီဟာ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်လောက်ကစပြီး မဒေးကျွန်းပေါ်မှာ တရုတ်ရေနံပိုက်လိုင်းစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။

မဒေးကျွန်းဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဌ ဦးထွန်းကြည်ကို RFA သတင်းထောက် မဇာဏီထွဏ်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org