တရုတ်မြန်မာအကျိုးတူ စီမံကိန်းတွေ အကောင်အထည်ဖို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးပြော

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ မနေ့က တရုတ် နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံပြီး ၂ နိုင်ငံ မဟာဗျူဟာ ဆက်ဆံရေးနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ရုံးချုပ်တွင် ကျင်းပသည့် ၆၆ ကြိမ်မြောက် အထွေထွေ ညီလာခံအတွင်း ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့က အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း နှစ်ပတ်လည် အစီရင်ခံစာ ဖတ်ကြားတင်ပြနေစဉ်။ UN Photo/Mark Garten

 

အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့က ကုလသမဂ္ဂရုံးချုပ်မှာ ကျင်းပတဲ့ အထွေထွေ ညီလာခံ ကာလ အတွင်း အခုလို တွေ့ဆုံတာလို့ တရုတ်အစိုးရ ဆင်ဝှါသတင်းဌာနက ဒီကနေ့ ကြေညာပါတယ်။

 

မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ရာမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ယန်ကျိချီက တရုတ်မြန်မာ မဟာ ဗျူဟာမြောက် အကျိုးတူ ဆက်ဆံရေး တိုးတက်လာဖို့ ၂ နိုင်ငံ အဆင့်မြင့်အရာရှိချင်း စဉ်ဆက်မပြတ် ဆက်ဆံရေး ထားရှိဖို့ ၊ ၂ နိုင်ငံ အကျိုးတူ စီမံကိန်းတွေကို ပြီးမြောက်အောင် ဆောင်ရွက်ဖို့နဲ့ နိုင်ငံတကာနဲ့ ဒေသတွင်း ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးက တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

 

တရုတ်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ အတူ ကူညီဖို့ ဆန္ဒရှိတယ်လို့လည်း ပြောကြားခဲ့ကြောင်း ဆင်ဝှါသတင်းမှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org