တစ်နိုင်ငံလုံး အပစ်ရပ်နိုင်တော့ မယ်လို့ နိုင်ငံခြားရေး ဝန်ကြီး ပြောကြား

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ၆၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ မှာ မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် က ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံမှာ တစ်နိုင်ငံလုံးအတိုင်းအတာ နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် မကြာခင် ချုပ်ဆိုနိုင် လိမ့်မယ်လို့ မျှော်လင့်ရကြောင်း အစိုးရ က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ၆၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ မှာ မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် က ပြောကြားခဲ့တာပါ။

အပစ်အခတ်ရပ်စဲရေးတင်မကဘဲ အားလုံးပါဝင်ပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိဖို့ အတွက် နိုင်ငံရေးဆွေးနွေးပွဲကြီးတစ်ရပ်လည်း စတင်နိုင်ဖို့ အစိုးရမျှော်လင့်ကြောင်းလည်း ပြောပါတယ်။

မြန်မာနိုင်ငံက ဘာသာလူမျိုး ပဋိပက္ခတွေနဲ့ပတ်သက်ြ့ပီး အစိုးရအနေနဲ့ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး၊ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်နိုင်ဖို့အတွက် အဖြေရှာခဲ့ကြကြောင်း၊ ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်တွေဟာ နောက်ပြန်ဆုတ်မှာ မဟုတ် ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဟာ အစိုးရနဲ့ ပြည်သူတွေအတွက် အင်မတန်ကြီးမားတဲ့ လုပ်ငန်းကြီးဖြစ်ပါတယ်၊ ဖြေရှင်းကျော်လွှားရမယ့် ကိစ္စတွေကလည်း ရှေ့မှာတန်းစီနေပါတယ်၊ ဒါပေမဲ့ ရွေးချယ်ထားတဲ့ လမ်းကြောင်းအတိုင်း ရှေ့ကိုချီတက်ဖို့ အခိုင်အမာ ဆုံးဖြတ်ပြီးဖြစ်ပါတယ်၊ နောက်ကြောင်းကို လုံးဝပြန်လှည့်မှာ မဟုတ်ပါဘူး၊ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကနေ သွေဖည်လိုသူတွေရဲ့ ထောင်ချောက်ထဲကျမသွားအောင် အစိုးရနဲ့  ပြည်သူတွေက သတိမပြတ်ရှိနေကြပါတယ်။

သမ္မတ ဦးသိန်းစိန်ကလည်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကို နှောင့်နှေးအောင် ကြံစည်လုပ်ဆောင်သူတွေကို လုံးဝသည်းခံမှာမဟုတ်ကြောင်း သတိပေးထားပြီးဖြစ်ပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org