ဒေါက်တာကျော်ကျော်သက်ကို ထောင်ဒဏ် ၇ နှစ်ချ

ဒေါက်တာကျော်ကျော်သက်ကို စစ်ကောင်စီက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) နဲ့ ဆူပူလှုံ့ဆော်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) စတဲ့ ပုဒ်မနှစ်ခုနဲ့ တရားစွဲဆိုခဲ့ရာမှာ ၅၀၅ (က) အတွက်ကို ပြီးခဲ့တဲ့ မေလက ထောင်ဒဏ် သုံးနှစ်ချမှတ်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံထားရသည့် ဒေါက်တာကျော်ကျော်သက်။ Photo: Citizen Journalist

မန္တလေးမြို့က ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာကျော်ကျော်သက်ကို စစ်ကောင်စီက စွဲဆိုထားတဲ့ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) ကို အခုလ ၃၀ ရက်နေ့က အိုးဘိုထောင်တွင်းတရားရုံးကနေ ထောင်ဒဏ် ၇ နှစ်ချမှတ်လိုက်တယ်လို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။

ဒေါက်တာကျော်ကျော်သက်ကို စစ်ကောင်စီက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) နဲ့ ဆူပူလှုံ့ဆော်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) စတဲ့ ပုဒ်မနှစ်ခုနဲ့ တရားစွဲဆိုခဲ့ရာမှာ ၅၀၅ (က) အတွက်ကို ပြီးခဲ့တဲ့ မေလက ထောင်ဒဏ် သုံးနှစ်ချမှတ်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်မှုနဲ့ စွဲဆိုအမိန့်ချထားတာအတွက် အယူခံဝင်သွားမယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

ဒေါက်တာကျော်ကျော်သက်ဟာ အစိုးရဆေးရုံမှာ တာဝန်ထမ်းဆောင်သူမဟုတ်ဘဲ အပြင်မှာ ဆေးခန်းဖွင့်ကုသပေးနေသူ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒေါက်တာကျော်ကျော်သက်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်လက သူရဲ့ အိမ်မှာ စစ်တပ်က လာဖမ်းတာကို ခံခဲ့ရတာလို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

“ဒေါက်တာကျော်ကျော်သက်ကို စစ်ကောင်စီတပ်က အိမ်ကိုလာပြီး အကြမ်းဖက်ရိုက်နှက်ပြီးဖမ်းသွားတာ၊ စစ်ကြောရေးရောက်တော့လည်း နှိပ်စက်ခံရတာပဲ၊ သူက စစ်အာဏာရှင်စနစ်ကို လက်မခံတဲ့သူဖြစ်သလို ဆေးပညာမှာ ထူးချွန်တဲ့ဆရာဝန်တစ်ယောက်ပါ “

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်း ကျန်းမာရေးဝန်ထမ်းတွေအပေါ် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ReliefWeb ရဲ့ အခုနှစ် မေလက ထုတ်ပြန်တဲ့အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ကျန်းမာရေးဝန်ထမ်း ၅၆၄ ဦး ဖမ်းဆီးခံခဲ့ရပြီး ၃၆ ဦး သတ်ဖြတ်ခံထားရတယ်လို့ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org