ဆရာကြီးများ ပူဇော်ရေးအတွက် လူငယ်ကာတွန်းဆရာများ ရန်ပုံငွေရှာ
နှစ်စဉ် ကျင်းပလေ့ရှိတဲ့ စာနယ်ဇင်းနဲ့ ရုပ်ပြကာတွန်းဆရာကြီးများ ပူဇော်ကန်တော့ပွဲ ကျင်းပနိုင်ရေးအတွက် ရန်ပုံငွေရှာတဲ့ အနေနဲ့ လူငယ် ကာတွန်းဆရာတွေဟာ ရန်ကုန်မှာ ဧပြီ ၇ ရက် မနေ့က စတင်ပြီး ၁၂ ရက်နေ့ထိ ကာတွန်းပြပွဲ တရပ် ခင်းကျင်း ပြသနေပါတယ်။
-
2011-04-08 -
-
-
Your browser doesn’t support HTML5 audio
ပန်းဆိုးတန်းနဲ့ ကုန်သည်လမ်းထောင့်မှာ ရှိတဲ့ လောကနတ် ပြခန်းမှာ ကာတွန်းဆရာ ၃၀ လောက်က သူတို့ဖန်တီးထားတဲ့ လက်ရာ တရာလောက်ကို စိတ်ဝင်စားဖွယ်ရာ ခင်းကျင်း ပြသထားတာ ဖြစ်ပါတယ်။
ဝါရင့် ကာတွန်းဆရာကြီး ၁၅ ဦးကို ပူဇော်ကန်တော့ဖို့ ရန်ပုံငွေရှာတဲ့ အနေနဲ့ လူငယ် ကာတွန်းဆရာတွေဟာ ပြီးခဲ့တဲ့လက ကန်တော်ကြီးမှာ ပရိသတ်တွေကို ကယ်ရီကေးချား ပုံဆွဲပြီး ရန်ပုံငွေရှာခဲ့ပေမဲ့ အခါမဲ့မိုး ဝင်ဖျက်တဲ့အတွက် ရန်ပုံငွေ အလုံအလောက် မရခဲ့ပါဘူး။
ဒီ ကာတွန်းပြပွဲမှာ ရောင်းချရတဲ့ ငွေအားလုံးနီးပါး သက်ကြီးပူဇော်ပွဲမှာ ရန်ပုံငွေ ထည့်ဝင်မယ်လို့ သိရပါတယ်။
ဒီပွဲအကြောင်းနဲ့ မြန်မာ့ကာတွန်း အကြောင်း တစေ့တစောင်းကို RFA မှ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
မြန်မာ့ကာတွန်း တစေ့တစောင်း |
|
အသံဖိုင်ယူရန် |