မြန်မာနိုင်ငံကို အကူအညီ အများအပြား ပေးမယ်လို့ ကနေဒါဝန်ကြီး ပြောဆို

ကနေဒါနိုင်ငံ တိုရန်တိုမြို့ မဟာဓမ္မိကကျောင်းကို မနေ့က လာရောက်လည်ပတ်တဲ့ ကနေဒါအစိုးရ နိုင်ငံသားနဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဝန်ကြီး Jason Kenney က မြန်မာပြည်က အပြောင်းအလဲတွေကို ကနေဒါနိုင်ငံအနေနဲ့ အကူအညီ အများအပြား ပေးသွားမယ်လို့ ပြောကြားလိုက်ပါတယ်။

Mr. Kenney ဟာ မြန်မာ့အရေးကို အလေးပေးဆောင်ရွက်နေတဲ့ ကနေဒါဝန်ကြီးတစ်ဦး ဖြစ်တယ်လို့လည်း မဟာဓမ္မိက ကျောင်းထိုင်ဆရာတော် ဦးကောဝိဒက မိန့်ကြားပါတယ်။

ဝန်ကြီး Jason Kenney ဟာ မြန်မာ့အရေး လှုပ်ရှားနေသူတွေ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံပြီး လက်ရှိ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ထွက်ပြေးလာတဲ့ ကချင်ဒုက္ခသည်တွေကို ကနေဒါအနေနဲ့ အကူအညီပေးနိုင်ဖို့ သူ့အနေနဲ့ ကြိုးစားသွားမယ်လို့ ပြောဆိုခဲ့တဲ့အကြောင်း ဆရာတော်က မိန့်ပါတယ်။

ဒါ့အပြင် ကနေဒါနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်ရဖို့ (၇) နှစ်ကျော် စောင့်ဆိုင်းနေရတဲ့ ကရင် တိုင်းရင်းသား စောလှဝါးကိုလည်း ခိုလှုံခွင့်ပေးလိုက်တယ်လို့ ပြောဆိုသွားကြောင်း ကနေဒါ မြန်မာမိတ်ဆွေများအဖွဲ့ရဲ့ ဦးဆောင်ညွန်ကြားရေးမှူး ဦးတင်မောင်ထူးကလည်း ပြောပါတယ်။

Mr Kenney ဟာ သူရဲ့နိုင်ငံရေး ဆောင်ရွက်မှုတွေကြောင့် ကနေဒါလွှတ်တော်နဲ့ အစိုးရအတွင်းမှာ သြဇာကြီးမားသူ တစ်ဦးဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org