မြန်မာ့အရေး တရုတ်အမေရိကန် ပူးပေါင်းဆောင်ရွက်မှု ရှိခဲ့
မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့် အရေး အခြေအနေ ပြောင်းလဲလာဖို့ နည်းလမ်း ရှာဖွေရာမှာ အမေရိကန် ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့တယ်လို့ မကြာသေး ခင်က Wikileak အင်တာနက်မှာ ထွက်ပေါ်လာတဲ့ အမေရိကန် နိုင်ငံခြားရေးဌာန လျှို့ဝှက် စာရွက် စာတမ်းတွေမှာ ဖော်ပြထားပါတယ်။
-
2010-12-11 -
-
-
တရုတ်နိုင်ငံဟာ မြန်မာအပေါ်ချဉ်းကပ်မှုမှာ အမေရိကန်နဲ့ ကွာခြားမှု ရှိတာကို အသိအမှတ်ပြု ပြောကြားခဲ့ပေမယ့် တဘက်မှာ မြန်မာနဲ့ ပတ်သက်လို့ အမေရိကန်ဘက်က စိတ်ပျက်ရတာတွေကိုလည်း အသိမှတ်ပြုခဲ့တယ်လို့ ဆိုပါတယ်။
တရုတ်နဲ့ အမေရိကန်အနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်တိုးတက်မှု ရှိလာစေချင်တဲ့ ဆန္ဒဟာ အတူတူပဲဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဌာန အရာရှိတဦးက ပြောခဲ့တယ်လို့ ၂၀၀၈ ဇန်နဝါရီလက ရေးသားတဲ့ အမေရိကန်သံရုံး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။