ကြားဖြတ်ရွေးကောက်ပွဲအတွက် NLD ပြင်ဆင်
နိုင်ငံရေးပါတီအဖြစ် ပြန်လည် မှတ်ပုံတင်တော့မယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပါတီ တည်ထောင်ခွင့်ရပြီးနောက် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမယ့် မဲဆန္ဒနယ် ၄၈ ခုမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ သင့်တော်မယ့် ကိုယ်စားလှယ် လောင်း နေရာတွေ လျာထား စီစဉ်နေပါတယ်။
-
2011-12-18 -
-
-
Your browser doesn’t support HTML5 audio
ဒီအစီအစဉ်အရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးရဲ့ ရုံးအဖွဲ့မှူးလည်းဖြစ်၊ နိုင်ငံရေးအကျဉ်းသားဟောင်း လည်း ဖြစ်တဲ့ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်က ဒေါ်အောင်ဆန်းစုကြည် ရဲ့ တာဝန်ပေးချက်အရ သူ့ဇာတိဖြစ်တဲ့ မန္တလေးတိုင်း မိတ္ထီလာမြို့မှာ ရွေးကောက်ပွဲဝင်ဖို့ ရည်ရွယ်ထားတယ်လို့ RFA ကို ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကို တောက်လျှောက် ကြည့်ရှု စစ်ဆေးပေးနေတဲ့ ဒေါက်တာတင်မျိုးဝင်းက တနင်္သာရီတိုင်း မြိတ်ခရိုင် ကျွန်းစုမြို့နယ်ကနေ ရွေးကောက်ပွဲဝင်ဖို့ စီစဉ်နေသလို နိုင်ငံရေး အကျဉ်းသားဟောင်းတဦး ဖြစ်တဲ့ စာရေးဆရာ မုံရွာအောင်ရှင်က စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ကနေ ရွေးကောက်ပွဲဝင်နိုင်ဖို့ ပြင်ဆင်နေ တယ်လို့ သိရပါတယ်။
ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ဦးဝင်းထိန်ကို အာအက်ဖ်အေ ကိုနေရိန်ကျော်က ဆက်သွယ်
မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန်။ |