ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေး အစိုးရ တာဝန်ယူသင့်ကြောင်း ဧည့်ဝန်ကြီးပြော

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နယ်ခရီးစဉ် ထွက်တဲ့အခါမှာ သူ့ရဲ့ လုံခြုံရေးကို အစိုးရက အာမ,ခံပေးဖို့ လိုအပ်ကြောင်း သြစတြေလျ နိုင်ငံခြားရေးဝန်ကြီး Mr. Kevin Rudd က မနေ့က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံကအပြန် စင်္ကာပူနိုင်ငံကို ခေတ္တ ဝင်ရောက်ရပ်နားစဉ် သတင်းထောက်တွေကို အဲဒီလို ပြောကြားခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီးနောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် နယ်ခရီးထွက်ဖို့ ပြင်ဆင်နေကြောင်း၊ နိုင်ငံရေးကိစ္စ မပါရှိကြောင်း သူ့ကို ပြောတယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်း သူမရဲ့ လုံခြုံရေးကို အစိုးရက ဘယ်လောက်အထိ ဂရုစိုက်သလဲ ဆိုတာ တကမ္ဘာလုံးက အနီးကပ် စောင့်ကြည့်နေမှာ ဖြစ်တယ်လို့လည်း သြစတြေလျ နိုင်ငံခြားရေးဝန်ကြီးက ပြောသွားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org