ပြည်နှင်ဒဏ်ခံရနိုင်တဲ့အရေး မြန်မာလုပ်သားတွေကို လူ့အခွင့်အရေးအဖွဲ့တွေ သတိပေး
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား တစ်သန်းနီးပါးဟာ ထိုင်းအစိုးရက သတ်မှတ်ထားတဲ့ "နိုင်ငံသားစိစစ်ရေး" ကိစ္စ ဆောင်ရွက်ဖို့ ပျက်ကွက်ရင် မြန်မာနိုင်ငံကို ပြန်ပို့ခံရဖွယ် ရှိတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဒီကနေ့ သတိပေး လိုက်ပါတယ်။
-
2012-02-29 -
-
-
ထိုင်းနိုင်ငံတွင် အလုပ်လုပ်မည့် မြန်မာနိုင်ငံမှ အလုပ်သမားများ နယ်စပ်ဂိတ်တွင် စောင့်ဆိုင်းနေပုံ ဖြစ်ပါသည်။ မြန်မာ အလုပ်သမား အများစုသည် တရားဝင် စာရွက်စာတမ်းမရှိပဲ ထိုင်းနိုင်ငံထဲတွင် နေထိုင် အလုပ်လုပ်နေကြသည်။ (Photo: AFP)
(Photo: AFP)
လာမယ့် ဇွန် ၁၄ ရက်ဟာ နိုင်ငံသားစိစစ်ရေး လျှောက်ထားဖို့ နောက်ဆုံး သတ်မှတ်ထားတဲ့ရက် ဖြစ်ပါတယ်။ အရင်က ၂ဝ၁ဝ ဖေဖော်ဝါရီ ၂၈ ရက်မှာ နိုင်ငံသားစိစစ်ရေးကိစ္စကို နောက်ဆုံးထား ဆောင်ရွက်ဖို့ ထိုင်းအစိုးရက သတ်မှတ်ခဲ့ပေမယ့်
လူ့အခွင့်အရေးအဖွဲ့တွေရဲ့ တင်ပြချက်ကြောင့် နှစ်နှစ် ထပ်တိုးပေးခဲ့တာပါ။
အဲဒီလို ထပ်တိုးပေးခဲ့ပေမယ့် မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမား အများစုဟာ ထိုင်းအစိုးရထံမှာ နိုင်ငံသား စိစစ်ရေးကိစ္စ လုပ်ဆောင်ဖို့ ပျက်ကွက်နေတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ထိုင်းအစိုးရက အလုပ်သမားတွေကို မြန်မာနိုင်ငံ
ပြန်ပို့ဖွယ်ရှိတယ်လို့ သတိပေးနေရတာပါ။
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင် နေကြတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား သုံးသန်းအထိ ရှိမယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ခန့်မှန်းထားပါတယ်။ ထိုင်းလုပ်ငန်းခွင်တွေမှာ မြန်မာနိုင်ငံသား အလုပ်သမားတွေဟာ လုပ်ခလစာ နည်းပါးသလို
လိင်ပိုင်းဆိုင်ရာ စော်ကား ခံရတာတွေ၊ ညှဉ်းပန်း နှိပ်စက်ခံရတာတွေ ရှိပေမယ့် အလုပ်သမား ရပိုင်ခွင့်တွေကိုတော့ ဥပဒေကြောင်းအရ ကာကွယ်စောင့်ရှောက်မှု မခံစားကြရဘူးလို့ ဆိုပါတယ်။