ဗြိတိန်ဝန်ကြီးကို အနီရောင် မျက်မှန်တွေ ပို့ကြမယ်

လန်ဒန်အခြေစိုက် Burma Campaign UK အဖွဲ့က ဗြိတိသျှအစိုးရအနေနဲ့ မြန်မာနိုင်ငံ ကလူ့ အခွင့်အရေးချိုးဖေါက်ခံရမှုတွေကို ဦးစားပေးဆောင်ရွက်မှုမရှိတော့ပဲ ကုန်သွယ်ရေးအမြင် အရပဲကြည့်ပြီး အကောင်းမြင်လွန်းနေတယ်ဆိုပြီး ဒီမူဝါဒ ကို ပြန်လည် သုံးသပ်ဖို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလီယံဟိတ်ခ် ဆီ အနီရောက်မျက်မှန်တွေပေးပို့မယ့် လှုပ်ရှားမှုတခုကို စတင်ဆောင်ရွက်နေပါတယ်။

၂၀၁၂ ခုနှစ် ဧပြီလ ၁၃ ရက်က နေပြည်တော်တွင် သမ္မတ ဦးသိန်းစိန်နှင့် ဗြိတိန် ဝန်ကြီးချုပ် David Cameron တွေ့ဆုံဆွေးနွေးနေစဉ်။ AFP

လန်ဒန်အခြေစိုက် Burma Campaign UK အဖွဲ့က ဗြိတိသျှအစိုးရအနေနဲ့ မြန်မာနိုင်ငံကလူ့ အခွင့်အရေး ချိုးဖေါက်ခံရမှုတွေကို ဦးစားပေးဆောင်ရွက်မှုမရှိတော့ ပဲ ကုန်သွယ်ရေးအမြင်အရပဲကြည့်ပြီး အကောင်းမြင် လွန်းနေတယ်ဆိုပြီး ဒီမူဝါဒကို ပြန်လည် သုံးသပ်ဖို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလီယံဟိတ်ခ် ဆီ အနီရောင်မျက်မှန်တွေပေးပို့မယ့် လှုပ်ရှားမှုတခုကို စတင်ဆောင်ရွက်နေပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဝီလီယံဟိတ်ခ်က မြန်မာနိုင်ငံကို ကြည့်တဲ့အခါ နှင်းဆီပန်းရောင်မျက်မှန်တပ်ပြီး ကြည့် တဲ့အတွက်အခြေအနေကို အမှန်အတိုင်းမမြင်တော့လို့ Burma Campaign UK အဖွဲ့ က ဒီလှုပ်ရှားမှုကိုဆောင် ရွက်နေတာလို့ ကွယ်လွန်သူ KNU အတွင်းရေးမှူး ဖဒိုမန်းရှာရဲ့ သမီး မဘွားဘွားဖန်းက RFA ကိုပြောပါတယ်။

မြန်မာနိုင်ငံမှာ ခုချိန်ထိ နိုင်ငံရေးအကျဉ်းသား ၁ ရာကျော်ရှိနေသေးသလို၊ နှိပ်စက်ညှင်းပမ်းမှုတွေ တိုင်းရင်း သားဒေသတွေက စစ်ပွဲတွေရှိနေသေးတာကို ဗြိတိန်ဝန်ကြီးချုပ်ရော၊ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြစ်တင်ဝေဖန် သံတွေပါမကြားရတော့တဲ့အတွက် ဗြိတိန်အစိုးရက မြန်မာ့အရေးအပေါ် အမှန်အတိုင်းပြန်ပြီးရှုမြင်လာတဲ့အထိ သူတို့လှုပ်ရှားမှုကို ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ Burma Campaign UK အဖွဲ့ က ပြောပါတယ်။ ဒီလှုပ်ရှားမှုကို ထောက်ခံသူတွေက နှင်းဆီပန်းရောင်မျက်မှန်တွေဝယ်ပြီး နိုင်ငံခြားရေးဝန်ကြီးဆီကို ပေးပို့ ကြမှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org