ကော့သောင်းနှင့် တာချီလိတ်လမ်းဖြင့်သာ ထိုင်းနှင့်ကုန်သွယ်ဖို့ စစ်အစိုးရညွှန်ကြား

မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ရဲ့ အဓိက ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်တဲ့ မြဝတီနယ်စပ်ကို ဆက်လက် ပိတ်ထားမှာ ဖြစ်ပြီး ထိုင်းနိုင်ငံနဲ့ ပို့ကုန်သွင်းကုန် လိုင်စင်ရပြီးသား မြန်မာကုန်သည်တွေအနေနဲ့ ကော့သောင်းနဲ့ တာချီလိတ်ဘက်ကသာ ကုန်သွယ်ကြဖို့ စစ်အစိုးရ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ကုန်သည်တွေကို ညွှန်ကြားလိုက်တယ်လို့ နယ်စပ်ကုန်သည်တွေထံက သိရပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ တာချီလိတ်မြို့အနီးရှိ ထိုင်း-မြန်မာ နယ်စပ် လွယ်တော်ခမ်း ဂိတ်တံခါး ဖြစ်ပါသည်။ (Photo: RFA) (Photo: RFA)

မြဝတီနယ်စပ်ဘက်က သွင်းကုန်ထုတ်ကုန် လိုင်စင်ထုတ်ပေးတာတွေကို ယာယီ ရပ်ဆိုင်းထားတဲ့ အတွက် ကုန်သည်တွေက ဖွင့်ပေးဖို့တင်ပြရာမှာ ယခုလို ပြန်ဖြေကြားလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

နှစ်နိုင်ငံ အကြား ကုန်သွယ်ရေးလမ်းကြောင်း သုံးခုရှိတဲ့အနက် ကုန်သွယ်မှု အများဆုံးဖြစ်တဲ့ မြဝတီနယ်စပ်ကို ပြီးခဲ့တဲ့ဇူလိုင်လ ၁၈ရက်နေ့ကတည်းက မြန်မာဖက်က ပိတ်လိုက်တဲ့အတွက် ဂဏန်း၊ ပုစွန်စတဲ့ ရေထွက်ကုန်ပစ္စည်း တင်ပို့ သူတွေ အများဆုံး ထိခိုက်နစ်နာရတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

ဒါ့အပြင် ထုတ်ကုန်သွင်းကုန် လိုင်စင်တွေကို ထုတ်ပေးနေတဲ စစ်အစိုးရ ကုန်သွယ်မှု ဝါဒကောင်စီက ဗိုလ်ချုပ်ကြီးတွေ ရာထူးအပြောင်းအလဲ ဖြစ်နေတဲ့ အတွက် လက်တလော ထုတ်ကုန်သွင်းကုန်လိုင်စင် လျှောက်ထားမှုတွေ ကြန့်ကြာနေတယ်လို့လည်း စီးပွားရေးနဲ ကူုးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်က သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org