ကွမ်းလုံမြို့နယ် ပေါက်ကွဲမှု လူ ၃ ဦးသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံမြို့နယ် မှာ ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့တဲ့အတွက် အနည်းဆုံး လူသုံးယောက် သေဆုံးခဲ့ ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံမြို့နယ်မှာ ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့တဲ့အတွက် အနည်းဆုံး လူသုံးယောက် သေဆုံးခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ အမျိုးသား ရဲတပ်ဖွဲ့ဌာနချုပ်က ဗိုလ်မှူးကြီးမင်းအောင်က အင်္ဂါနေ့ ညနေပိုင်းက ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့် လူသုံးယောက်သေဆုံးပြီး နှစ်ယောက်ဒဏ်ရာရခဲ့ကြောင်း ဒါပေမဲ့ ပေါက်ကွဲမှုဟာ ဗုံးကြောင့်ဟုတ်မဟုတ် မပြောနိုင်သေးကြောင်း၊ စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း ပြောဆိုတယ်လို့ AFP သတင်းကဖေါ်ပြပါတယ်။

ကွမ်းလုံမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဟေယိရှောက်ချန်းကတော့ ချိန်ကိုက်ဗုံး ပေါက်ကွဲတာ ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ ပေါက်ကွဲအားက အင်မတန် ပြင်းထန်တဲ့အတွက်  တချို့အဆောက်အဦတွေက မှန်တွေတောင် ကွဲကုန်တယ်လို့ AFP သတင်းကို  ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၂၇ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် ကျင်းပနေတဲ့အတွက် လုံခြုံရေး တင်းကြပ်ထားစဉ်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org