ဧရာဝတီတိုင်းမှာ လှေမြုပ်လို့ ရိုဟင်ဂျာ ၁၇၄ ဦး သေဆုံးခဲ့ကြောင်း BROUK အဖွဲ့ပြော

ဧရာ၀တီတိုင်း၊ ဟိုင်းကြီးကျွန်းအနီး လှေတစ်စီးနစ်မြုပ်ရာမှာ ရိုဟင်ဂျာ ၁၇၄ ဦး သေဆုံးခဲ့ရတယ်လို့ ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအသင်း (BROUK) က နိုဝင်ဘာလ ၁၈ ရက်နေ့က ထုတ်ပြန်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်တောင်ပိုင်း ကမ်းခြေအနီး ရိုဟင်ဂျာများ လိုက်ပါလာသည့် လှေတစ်စင်း ဆိုက်ကပ်လာသည်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။ AFP

ဧရာ၀တီတိုင်း၊ ဟိုင်းကြီးကျွန်းအနီး လှေတစ်စီးနစ်မြုပ်ရာမှာ ရိုဟင်ဂျာ ၁၇၄ ဦး သေဆုံးခဲ့ရတယ်လို့ ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအသင်း (BROUK) က နိုဝင်ဘာလ ၁၈ ရက်နေ့က ထုတ်ပြန်ပါတယ်။

ရိုဟင်ဂျာတွေလိုက်ပါလာတဲ့ အဲဒီလှေဟာ နိုဝင်ဘာလ ၁၀ ရက်နေ့က နစ်မြုပ်ခဲ့တာဖြစ်ပြီး ခြောက်ဦးသာ အသက်ရှင်လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံခြားသင်္ဘောတစ်စီးက အဲဒီခြောက်ဦးကို ကယ်တင်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီရေတပ်ကို လွှဲပြောင်းပေးခဲ့တယ်လို့ ဖော်ပြပါတယ်။

လှေပေါ်လိုက်ပါလာသူတွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက နိုဝင်ဘာလ ၁ ရက်နေ့မှာ ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးဒုက္ခသည်တွေဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၂၃ ခုနှစ်အတွင်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကနေ စွန့်စားထွက်ခွာရင်း သေဆုံး၊ ပျောက်ဆုံးရတဲ့ ရိုဟင်ဂျာ အနည်းဆုံး ၅၆၉ ဦးရှိတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က အခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org