ရခိုင်မှာ စက်လှေမှောက်၊ မွတ်စလင်ဒုက္ခသည် ၂၁ ဦး သေဆုံး

ရခိုင်ပြည်နယ် စစ်တွေမြို့၊ သဲချောင်း ဆိပ်ကမ်းအနီးမှာ မွတ်စလင်ဒုက္ခသည်တွေ လိုက်ပါလာတဲ့ စက်လှေတစ်စီး တိမ်းမှောက်ခဲ့ တာကြောင့် သေဆုံးသူ အနည်းဆုံး ၂၁ ဦးရှိတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့၊ သဲချောင်းကမ်းခြေအနီးမှာ ဧပြီလ ၁၉ ရက်နေ့က စစ်လှေနစ်မြှုပ်ရာမှာ ပါသွားသူတစ်ဦးကို သယ်ဆောင်လာစဉ် Photo: Peace Muhammad Arakani

ရခိုင်ပြည်နယ် စစ်တွေမြို့၊ သဲချောင်းဆိပ်ကမ်းအနီးမှာ မွတ်စလင်ဒုက္ခသည်တွေလိုက်ပါလာတဲ့ စက်လှေတစ်စီး တိမ်းမှောက်ခဲ့တာကြောင့် သေဆုံးသူ အနည်းဆုံး ၂၁ ဦးရှိတယ်လို့ သိရပါတယ်။

ပေါက်တောမြို့နယ် ဆင်တက်မော်ကျွန်းကနေ စစ်တွေမြို့နယ် သဲချောင်းဒုက္ခသည်စခန်းကို ပြန်လာ တဲ့ လှေမှောက်တာဖြစ်ပြီး အခုချိန်ထိ အလောင်း ၁၈ လောင်းကို တွေ့ရှိထားတယ်လို့ ဘုမေကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းဆွေ က ပြောပါတယ်။

"စက်လှေက ပေါက်တောမြို့နယ် ဆင်တက်မော်ကနေ စစ်တွေကိုပြန်လာတဲ့အခါမှာ သဲချောင်း ကမ်းခြေရောက်ဖို့ ၁ မိုင်လောက်မှာ လှိုင်းကြီးပြီး စက်လှေတိမ်းမှောက်သွားတယ်လို့ကြားတာပဲ"

သဲချောင်းကျေးရွာဟာ ဘုမေကျေးရွာအုပ်စုအတွင်းမှာ ရှိတာဖြစ်ပါတယ်။

အဲဒီလှေပေါ်မှာ လိုက်ပါလာတဲ့ လူဦးရေအတိအကျကို မသိရသေးကြောင်း နဲ့ ၁၀ ဦးလောက်က အသက်ရှင်ကျန်ခဲ့ တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အသက်ရှင်သူတချို့ဟာ သက်ကယ်ပြင်ဆေးရုံ နဲ့ စစ်တွေဆေးရုံတွေကို ရောက်ရှိနေပါတယ်။

အခုချိန်ထိ ရဲတပ်ဖွဲ့ဝင်တွေ နဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက သဲချောင်းဆိပ်ကမ်းမှာ ကယ်ဆယ်ရေးတွေ ဆောင်ရွက်နေဆဲဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org