လှေစီးဒုက္ခသည်များပို့မှု ဒေသခံ NGO များ ကန့်ကွက်

လှေစီးဒုက္ခသည်များကို မောင်းတော မြို့နယ်အတွင်း စခန်းဖွင့်ထားရှိခြင်း ဟာ ဒေသလုံခြုံရေးကို ထိခိုက် နိုင်ကြောင်း မောင်းတောနဲ့ ဘူးသီးတောင်ဒေသရှိ လူမူရေးကွန်ရက်များက ကြေညာချက် ထုတ်ပြန်ကန့်ကွက် လိုက်ပါတယ်။

လှေစီးဒုက္ခသည် ၃ဝဝ ရာကျော်ကို ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့နယ်မှာ ဇွန်လ ၄ ရက်နေ့က တွေ့ရစဉ် Photo: Khin Maung Soe/RFA

လှေစီးဒုက္ခသည်များကို မောင်းတောမြို့နယ်အတွင်း စခန်းဖွင့်ထားရှိခြင်းဟာ ဒေသလုံခြုံရေးကို ထိခိုက်နိုင်ကြောင်း မောင်းတောနဲ့ ဘူးသီးတောင်ဒေသရှိ လူမူရေးကွန်ရက်များက ကြေညာချက် ထုတ်ပြန်ကန့်ကွက်လိုက်ပါတယ်။

မနေ့က ကြေညာချက်ထုတ်ပြန်တဲ့ လူမူရေးကွန်ရက် စုစုပေါင်း ၂၁ ဖွဲ့ဖြစ်ပြီး မောင်းတောမြို့နယ်က ၁၂ ဖွဲ့နဲ့ ဘူးသီးတောင်က ၉ ဖွဲ့တို့ဖြစ်ကြပါတယ်။ ကြေညာချက်နဲ့ပတ်သက်ပြီး ဘူးသီးတောင် လူမူရေးကွန်ရက်က ဦးအောင်သောင်းရွှေက ပြောပြပါတယ်။

ကြေညာချက်မှာ အချက် ၁၃ ချက်ပါရှိပြီး လှေစီးဒုက္ခသည်တွေဟာ မြန်မာနိုင်ငံက ဖြစ်တယ်လို့ ပြောဆိုနေတဲ့ UNHCR အဖွဲ့ကိုလည်း ကန့်ကွက်ထားပါတယ်။ တဆက်တည်း UN အဖွဲ့အစည်းတွေဟာ ဒေသတွင်း တိုင်းရင်းသားတွေထက် ဘင်္ဂါလီများကိုသာ ဦးစားပေးအကူအညီများ ပေးနေတာကိုလည်း ကန့်ကွက်ထားပါတယ်။

ဒီကြေညာချက်နဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org