ကျိုက်မရောရွာခံ ကိုးဦးကို နယ်ခြားစောင့်တပ် ဖမ်းဆီးသွား

ကျိုက်မရော ကဒါကျေးရွာအုပ်စုက ဒေသခံ ခြောက်ဦး၊ ဖနုံကျေးရွာ ကျေးရွာအုပ်စု သုံးဦးကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မနေ့ညက နယ်ခြားစောင့်တပ် ၁၀၂၁ က လာရောက် ဖမ်းဆီးသွားတယ်လို့ ရွာခံတွေက RFA ကို ပြောပါတယ်။

BGF တပ်ဖွဲ့ဝင်တစ်ချို့ကို တွေ့ရစဉ်

ကျိုက်မရော ကဒါကျေးရွာအုပ်စုက ဒေသခံ ခြောက်ဦး၊ ဖနုံကျေးရွာ ကျေးရွာအုပ်စု သုံးဦးကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မနေ့ညက နယ်ခြားစောင့်တပ် ၁၀၂၁ က လာရောက် ဖမ်းဆီးသွားတယ်လို့ ရွာခံတွေက RFA ကို ပြောပါတယ်။

ကျိုက်မရောမြို့နယ်မှာ မိကသစ်ကျေးရွာအုပ်စုက တပ်ဌာနချုပ်မှာ ထိန်းသိမ်းထားတယ်လို့ သိရပြီးဘာ ကြောင့် ဖမ်းဆီးသွားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ဆွေးနွေးစရာရှိတယ်ဆိုပြီး ဖမ်းဆီးသွားတာလို့ ရွာခံတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေထဲမှာ ကဒါ ကျေးရွာအုပ်ချုပ်‌ရေးမှူး ဦးရဲလင်း၊ ရာအိမ်မှူး ဦးမြင့်ကျော်နဲ့ ရွာခံ ဦးမြတ်နိုးအောင်၊ စောအောင်ကျော်၊ ဖနုံကျေးရွာက NLD အမှုဆောင်လူငယ် ကိုထိန်လင်း၊ ဦးတင့်ဆန်း၊ ဦးလူချော၊ ဦးမောင်ညွန့်တို့ ပါဝင်ပါတယ်။

နယ်ခြားစောင့်တပ်ဘက်ကို RFA က ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org