မြန်မာကို အရေးယူဖို့ ဘင်္ဂလားဒေ့ရှ်သမ္မတ တိုက်တွန်း

ဘင်္ဂလားဒေ့ရှ် သမ္မတ Abdul Hamid အဗ်ဒူ ဟာမစ်က ရိုဟင်ဂျာပဋိပက္ခ ဖြေရှင်းရေးအတွက် နိုင်ငံတကာအသိုင်းအဝန်း အနေနဲ့ မြန်မာနိုင်ငံကို ဖိအားပေးကြဖို့ မနေ့က တိုက်တွန်းလိုက် ပါတယ်။

ဘင်္ဂလားဒေ့ရှ်သမ္မတ Abdul Hamid ကို တွေ့ရစဉ် Photo: ANDREW COWIE / AFP

ဘင်္ဂလားဒေ့ရှ်သမ္မတ Abdul Hamid အဗ်ဒူ ဟာမစ်က ရိုဟင်ဂျာပဋိပက္ခ ဖြေရှင်းရေးအတွက် နိုင်ငံတကာ အသိုင်းအဝန်း အနေနဲ့ မြန်မာနိုင်ငံကို ဖိအားပေးကြဖို့ မနေ့က တိုက်တွန်းလိုက်ပါတယ်။ ဂျနီဗာမြို့မှာ ကျင်းပတဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ညီလာခံကိုတက်ရောက်ရင်း သူက အခုလို ပြောကြားခဲ့တာပါ။ ရိုဟင်ဂျာတွေအပေါ် လူအခွင့်အရေးချိုးဖေါက်ကာ ရက်ရက်စက်စက် ခြေမှုန်းခဲ့ကြတဲ့ မြန်မာ့တပ်မတော်က တာဝန်ရှိသူူတွေကို ထိရောက်တဲ့ ပြစ်ဒဏ်ပေးနိုင်ရေးအတွက် ေဆာင်ရွက်ကြဖို့လည်း သူက ပြောဆိုခဲ့ပါတယ်။

မိမိတို့အနေနဲ့ ထွက်ပြေးလာသူတွေကို တတ်စွမ်းသမျှ ကူညီစောင့်ရှောက်ထားကြောင်းနဲ့ ရိုဟင်ဂျာ ပြဿနာဟာ နိုင်ငံတကာပဋိပက္ခတခုကို ကမ္ဘာ့အသိုင်းအဝန်းအနေနဲ့ ဘယ်လောက် ဖြေရှင်းပေးနိုင်သလဲဆိုတာ စမ်းသပ်ပွဲတခုဖြစ်ကြောင်းလည်း ဘင်္ဂလားဒေ့ရှ်သမ္မတ ဟာမစ်က ပြောကြားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org