ဘင်္ဂလား ဒုက္ခသည်များ နှစ်ရက် အတွင်း နေရပ်ပြန်ပို့မည်

ရခိုင်ပြည်နယ် မောင်တောမြို့ အနီး မြန်မာ့ရေပိုင်နက်အတွင်း ဖမ်းမိခဲ့တဲ့ စက်လှေပေါ်ပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သား ရွှေ့ပြောင်းဒုက္ခသည် ၂ဝဝ ကျော်ကို လာမယ့် နှစ်ရက် အတွင်း မူလနိုင်ငံ ပြန်ပို့နိုင်လိမ့်မယ်လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောပါတယ်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူး ကိုယ်စားလှယ်တို့ မေလ ၂၃ ရက်နေ့က မောင်တောမြို့နယ် အလယ်သံကျော်ကျေးရွာမှာ လှေစီးဒုက္ခသည်တွေနဲ့ တွေ့ဆုံ ကြစဉ်။ Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ် မောင်တောမြို့အနီး မြန်မာ့ရေပိုင်နက် အတွင်း ဖမ်းမိခဲ့တဲ့ စက်လှေပေါ်ပါ ဘင်္ဂလားဒေ့ရှ်နိုင် ငံသား ရွှေ့ပြောင်းဒုက္ခသည် ၂ဝဝ ကျော်ကို လာမယ့် နှစ်ရက်အတွင်း မူလနိုင်ငံ ပြန်ပို့နိုင်လိမ့်မယ် လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း က ပြောပါတယ်။

ဒီကိစ္စအတွက် ရန်ကုန်မှာ နှစ်နိုင်ငံ တာဝန်ရှိ သူတွေ ပြောဆိုဆွေးနွေးနေပြီ ဖြစ်သလို၊ အောက်ခြေ အဆင့်မှာလည်း ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက RFA ကို ပြော ပါတယ်။

"ဒုတိယသမ္မတနဲ့ ကျနော် မောင်တောမှာဖုန်းရတော့ ဒုတိယသမ္မတကြီးကတော့ ရန်ကုန်မှာ ကျနော်တို့ ရဲ့ဆီက နိုင်ငံခြားရေး ဒုဝန်ကြီးနဲ့ သူတို့ဆီက သံအမတ်တွေနဲ့ အပေါ်မှာပြန်လွှဲပေးဖို့ ညှိနေပြီ ၊ အောက်ခြေမှာလည်း ညှိပါလို့ဆိုတော့ အောက်ခြေမှာလည်း ဟိုဘက်က  ဘင်္ဂလားဒေ့ရှ် ကပေါ့နော်၊ သူတို့ဆီက အောက်ခြေမှာ သူတို့ပြန်လာခေါ်ပါ့မယ်ဆိုတော့မှ ဖုန်းနဲ့လှမ်းဆက်တာရှိတယ်၊ အဲ့ဒါ ကျနော်တို့ှဆီက သေချာအောင် ထပ်မံဆက်သွယ်ပြီးရင်တော့ ကျနော်ထင်တယ် မနက်ဖြန် သို့မဟုတ် သန်ဘက်ခါမှာတော့ ဟိုဘက် သူတို့နိုင်ငံကိုပြန်လည် လွှဲပြောင်းပေးနိုင်အောင်လို့ ဒီလိုပဲယူဆပါတယ်"

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းနဲ့အတူ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Vjay Nambia အပြင် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်၊ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးဝင်းမြင့်နဲ့ တခြားအစိုးရ တာဝန်ရှိသူတွေဟာ လှေစီးဒုက္ခသည်တွေကို ယာယီနေရာချထားတဲ့ မောင်တောမြို့နယ်ထဲက အလယ်သံကျော်ကျေးရွာကို ဒီနေ့ သွားရောက်ခဲ့ပြီး တွေ့ ဆုံမေးမြန်းခဲ့ကြပါတယ်။

သူတို့ဟာ ခြိမ်းခြောက်ခံရပြီး လူမှောင်ခိုကူးခံရသူတွေ ဖြစ်ကြောင်း ပြောပြကြတယ်လို့လည်း ဝန်ကြီးချုပ် က ပြောပါတယ်။

ထိုင်း နိုင်ငံသား စက်လှေပိုင်ရှင်အပါအဝင် ရခိုင်ပြည်နယ် ကျောက်တော်က ဘင်္ဂါလီ ၈ ဦးနဲ့အတူ ကော့သောင်းနဲ့ ထားဝယ်ဘက်က သူတွေလည်းပါဝင်တဲ့ သဘောၤသား ၁၇ ဦး ကိုတော့ ဆက်လက်စစ်ဆေးပြီး အရေးယူဆောင်ရွက် သွားမယ်လို့လည်း ပြောပါတယ်၊

ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းကို မသင်းသီရိ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org