မောင်တော နယ်ခြားစောင့်ရဲနဲ့ လက်နက်ကိုင်တစ်စု တိုက်ပွဲဖြစ်

ရခိုင်ပြည်နယ် မောင်တောနယ်စပ် မိုင်တိုင် အမှတ် ၄၅ နဲ့ ၄၇ ကြားမှာ မြန်မာ နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ လက်နက်ကိုင် တစ်စုတို့ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြတယ်လို့ သိရပါတယ်။

မြန်မာ-ဘင်္ဂလားဒေရှ့် နယ်စပ်ခြံစည်းရိုးကို မြန်မာဘက်ခြမ်း က တွေ့ရစဉ်။ photo: RFA/Kyaw Kyaw Aung

ရခိုင်ပြည်နယ် မောင်တောနယ်စပ် မိုင်တိုင်အမှတ် ၄၅ နဲ့ ၄၇ ကြားမှာ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ လက်နက် ကိုင်တစ်စုတို့  မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြတယ်လို့ သိရပါတယ်။

နယ်ခြားမိုင်တိုင် အမှတ် ၄၆ အခြေစိုက် ရဲစခန်းက ရဲအုပ် နေဝင်းတင့် ဦးဆောင်တဲ့  ရဲတပ်ဖွဲ့အင်အား ၂၀ လောက်က မနေ့မနက်ပိုင်းမှာ ပျက်စီးနေတဲ့ ခြံစည်းရိုးကို သွားရောက်စစ်ဆေးခဲ့ပါတယ်။ အဲသလို စစ်ဆေးရာမှာ ခြံစည်းရိုးမှတ်တိုင် အမှတ် ၂၆၂ နဲ့ ၂၇၀ ကြားအရောက်မှာ တစ်ဘက်ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်က ခြံစည်းရိုးနဲ့ ကိုက် ၅၀ လောက်အကွာမှာ မသင်္ကာစရာ အရပ်ဝတ် လက်နက်ကိုင်နှစ်ဦးကို တွေ့ရှိရာ ကနေ နှစ်ဘက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

အပြန်အလှန်ပစ်ခတ်မှုဟာ ၁၅ မိနစ်လောက် ကြာမြင့်ခဲ့ပြီး နှစ်ဘက်စလုံး တစ်စုံတစ်ရာ ထိခိုက်တာတွေမရှိဘဲ အဲဒီလက်နက်ကိုင် နှစ်ဦးကတော့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ပိုင်နက်ထဲကို ထွက်ပြေးလွတ်မြောက်သွားတယ်လို့လည်း သိရှိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org