ဧရာဝတီမြစ်ရေကြီး
ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့မှာ ၇၈၅ စင်တီမီတာကို ရောက်ရှိနေပြီး ၃၆ နာရီ အတွင်း ၁၀ ပေခန့် မြင့်တက်ခဲ့ပါတယ်။
-
2016-05-23 -
-
-
ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့မှာ ၇၈၅ စင်တီမီတာကို ရောက်ရှိနေပြီး ၃၆ နာရီအတွင်း ၁၀ ပေခန့် မြင့်တက်ခဲ့ ပါတယ်။
ချင်းတွင်းမြစ်ရေဟာလည်း ခန္တီးမြို့မှာ ၇၆၄ စင်တီမီတာကို ရောက်ရှိနေပြီး ၃၆ နာရီအတွင်း ၁၁ ပေခွဲခန့် မြင့်တက် ခဲ့ကြောင်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒီကနေ့ သတိပေးထုတ်ပြန်ထားပါတယ်။
အဲ့ဒါကြောင့် ဧရာဝတီနဲ့ ချင်းတွင်းမြစ်တလျှောက်ရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေအနေနဲ့ အထူး သတိပြုနေထိုင်ကြဖို့လည်း သတိပေးထားပါတယ်။
ဒါ့အပြင် ဧရာဝတီမြစ်ရေဟာ နောက် ၃ ရက်အတွင်း ဗန်းမော်နဲ့ ကသာမြို့တို့မှာ ၆ ပေ ကနေ ၈ ပေခန့်၊ နောက် ၆ ရက်အတွင်း မန္တလေး၊ စစ်ကိုင်းမြို့နဲ့ မြင်းမူမြို့ တို့မှာ ၇ ပေ ကနေ ၈ ပေခန့် အထိ မြင့်တက်လာနိုင်ကြောင်းလည်း ပါရှိပါတယ်။
ချင်းတွင်းမြစ်ရေဟာ နောက် ၃ ရက်အတွင်း ဟုမ္မလင်း၊ ဖောင်းပြင်နဲ့ မော်လိုက်မြို့တို့မှာ ၈ ပေ ကနေ ၁၀ ပေ ခန့် နဲ့ နောက် ၆ ရက်အတွင်း ကလေးဝ၊ မင်းကင်း နဲ့ မုံရွာမြို့တို့မှာ ၁၁ ပေ ကနေ ၁၄ ပေခန့် အထိ မြင့်တက်လာနိုင် တယ်လို့လည်း ခန့်မှန်းထားပါတယ်။