အောင်စိုးမိုးကျော်နစ်မြုပ် မှု သေဆုံးသူ ၇၃ ဦးရဲ့ အလောင်းရရှိ
ဟုမ္မလင်းက မုံရွာသွားတဲ့ အောင်စိုး မိုးကျော်ရေယာဉ် ချင်းတွင်းမြစ်အတွင်း နစ်မြုပ်မှုကြောင့် သေဆုံးသူ ၇၃ ဦးရဲ့ ရုပ်အလောင်းတွေကို ဆယ်ယူရရှိပြီလို့ အစိုးရက သော ကြာနေ့မှာ အတည်ပြုပြောဆိုကြောင်း သိရပါတယ်။
-
2016-10-22 -
-
-
ဟုမ္မလင်းက မုံရွာသွားတဲ့ အောင်စိုးမိုးကျော်ရေယဉ် ချင်းတွင်းမြစ်အတွင်းနစ်မြုပ်မှုကြောင့် သေဆုံးသူ ၇၃ ဦးရဲ့ ရုပ်အလောင်းတွေကို ဆယ်ယူရရှိပြီလို့ အစိုးရက သောကြာနေ့မှာ အတည်ပြုပြော ဆိုကြောင်း သိရပါတယ်။ အဲဒီ ၇၃ ဦးကတော့ အမျိုးသမီး ၅၄ ဦး၊ အမျိုးသား ၁၄ ဦးနဲ့ ကျားမ ခွဲခြားလို့မရသူ ၅ ဦးဖြစ်တယ်လို့ ဆိုပါတယ်။
ဒီအတောအတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက အောက်တိုဘာ ၂၁ ရက်နေ့စွဲနဲ့ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ရာ မှာ အောင်စိုးမိုးကျော်ရေယာဉ်နစ်မြုပ်မှုအတွက် ဝမ်းနည်းကြောင်း ရေယာဉ်ကိုမောင်းနှင်တဲ့ ဦးဇော်မျိုးဝင်း ဆိုသူပျောက်ဆုံးနေဆဲဖြစ်ကြောင်း၊ ချင်းတွင်းမြစ်အတွင်း အခုလိုဖြစ်ပျက်မှုတွေများစွာရှိ ပြီး ရေကြောင်းသွားလာမှုလုံခြုံရေးဆိုင်ရာ ကြပ်မတ်မှုနဲ့ လိုက်နာရန် လိုအပ်ချက်တွေ ရှိနေတဲ့အတွက် တာဝန်ရှိ သူတွေအနေနဲ့ ထိရောက်စွာ ဆောင်ရွက်သင့်ကြောင်း စသဖြင့် ဖေါ်ပြထားပါတယ်။
ဒါ့အပြင် အဲဒီနစ်မြုပ်ရေယာဉ်အတွင်းက ခရီးသည်တွေရဲ့ ရုပ်အလောင်းတွေကို ဆယ်ယူရာမှာ ခက်ခဲစွာနဲ့ စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့တဲ့ တပ်မတော်သား ၂ ဦးနဲ့ မီးသတ်ဌာနက တပ်ဖွဲ့ဝင် ၄ ဦး စုစုပေါင်း ၆ ဦးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဂုဏ်ထူးဆောင်လက်မှတ်တွေ ချီးမြှင့်ပေးအပ်မယ်လို့လည်း ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ မနေ့က ကြေညာချက်မှာ ပါရှိပါတယ်။