ကိုအောင်ကိုထွေး မနက်ဖြန် ထောင်က လွတ်မည်
ကလေးစစ်သားဟောင်းဘဝ အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး RFA ကို ဖြေကြားခဲ့ရာကနေ ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ ကိုအောင်ကိုထွေးဟာ လွတ်ရက်စေ့ပြီဖြစ်တဲ့အတွက် အင်းစိန်ထောင်ကနေ မနက်ဖြန် လွတ်မြောက်တော့မှာဖြစ်ကြောင်း သူ့ရဲ့ ယောက်ဖဖြစ်သူ ကိုရဲဇော် က ပြောပါတယ်။
-
2019-09-05 -
-
-
ကလေးစစ်သားဟောင်းဘဝ အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး RFA ကို ဖြေကြားခဲ့ရာကနေ ထောင်ဒဏ်ချမှတ်ခံ ခဲ့ရတဲ့ ကိုအောင်ကိုထွေးဟာ လွတ်ရက်စေ့ပြီဖြစ်တဲ့အတွက် အင်းစိန်ထောင်ကနေ မနက်ဖြန် လွတ်မြောက်တော့ မှာဖြစ်ကြောင်း သူ့ရဲ့ ယောက်ဖဖြစ်သူ ကိုရဲဇော် က ပြောပါတယ်။
တပ်မတော်က နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုပြီးနောက် သူဟာ ထောင်ဒဏ် ၂ နှစ်၊ တရားရုံး မထီမဲ့မြင်မှုနဲ့ ထောင်ဒဏ် ၆ လ ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတော် အထိမ်းအမှတ် တံဆိပ် ဥပဒေပုဒ်မ ၇ နဲ့လည်း တရားစွဲဆိုခံခဲ့ရပါတယ်။
ကိုအောင်ကိုထွေးကို ဝန်းရံခဲ့ကြတဲ့အတွက် အစ်မဖြစ်သူ မနေဇာထွန်း အပါအဝင် သုံးဦးကို ဒဂုံမြို့သစ် ဆိပ်ကမ်း မြို့နယ် တရားရုံးမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ရုန်းရင်းဆန်ခတ်ဖြစ်စေရန် ရည်ရွယ်ရန်စမှုတွေနဲ့ တရားစွဲ ဆိုထားတဲ့အတွက် အင်းစိန်ထောင်မှာပဲ အထိန်းသိမ်းခံထားရပါတယ်။
မနေဇာထွန်းဟာ အစာအိမ်နဲ့ ပတ်သက်ပြီး ဆေးကုသမှု လိုအပ်နေတယ်လို့ သိရပါတယ်။
(RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့သည်)