ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်အတွက် ရိုက်ကွင်းနေရာ အသုံးပြုခွင့် ပေးမည်ဟု ပြော
မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတ္တိဇာတ်ကား ရိုက်ကူးနိုင်ဖို့ ရုပ်ရှင်ရိုက်ကွင်းနဲ့ စတူဒီယိုတွေ တည်ဆောက်ရေးမှာ အသုံးပြုနိုင်အောင် ပဲခူးတိုင်းအတွင်းက မြေဧက ၁၀၀ ကို မြန်မာအစိုးရက အသုံးပြုခွင့်ပေးမယ်လို့ သိရပါတယ်။
-
2011-12-08 -
-
-
ရုပ်ရှင်ဒါရိုက်တာနှင့် ဟာသသရုပ်ဆောင် ဇာဂနာ ခေါ် ကိုသူရ။ (Photo: AFP)
(Photo: AFP)
ဗိုလ်ချုပ်အောင်ဆန်း ဇာတ်ကားကို လာမယ့် ၂၀၁၅ ခုမှာ အပြီးရိုက်ကူးနိုင်ဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ့ရုပ်ရှင် နယ်ပယ်က ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေ ဒီဇင်ဘာလ ၃ ရက်က တွေ့ဆုံ ဆွေးနွေးအပြီး အစိုးရဘက်က အခုလို အကူအညီ ပေးမယ်လို့ ကြားရတာပါ။
ရုပ်ရှင်ရိုက်ကွင်း နေရာ ရရှိရေးအတွက် အစိုးရထံ အကူအညီတောင်းခံရာမှာ ယခင်က နိုင်ငံခြား ရေးဝန်ကြီး၊ ယခု ပဲခူးတိုင်း ဝန်ကြီးချုပ် ဦးဉာဏ်ဝင်းက ရန်ကုန် ပဲခူးကားလမ်းဘေး ပဲခူးမြို့အဝင်နားက မြေဧက ၁၀၀ ခွင့်ပြုမယ်လို့ သတင်းရကြောင်း ဗိုလ်ချုပ်အောင်ဆန်း ဇာတ်ကား ဖြစ်မြောက်ရေး ကော်မတီဝင် ဒါရိုက်တာ ကိုသူရ ခေါ် ် ကိုဇာဂနာက ပြောပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ဇာတ်ကားအတွက် လောလောဆယ်မှာ ဇာတ်ညွှန်းရေးသားမယ့် သုတေသန ကော်မတီကို ဖွဲ့စည်းလိုက်ပြီး ဒါရိုက်တာ ဦးမိုးသူက ဦးဆောင်မှာ ဖြစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းအဖြစ် သရုပ်ဆောင်မယ့်သူကို ရွေးချယ်နိုင်ဖို့ ကော်မတီ တစ်ရပ်ကိုလည်း မကြာခင် ဖွဲ့စည်းမှာ ဖြစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း မွေးဖွားခဲ့တဲ့ အညာဒေသ လူငယ်တွေထဲက အဓိကထား ရွေးချယ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း ဇာတ်ကား ရိုက်ကူးရေးမှာ အသုံးပြုမယ့် ရိုက်ကွင်း အပြင်အဆင်တွေ လေ့လာနိုင်ဖို့ ကိုဇာဂနာ ဦးဆောင်တဲ့ အဖွဲ့ဟာ လာမယ့်ရက်ပိုင်းအတွင်း ထိုင်း စင်္ကာပူနဲ့ တောင်ကိုရီးယား နိုင်ငံတွေက စတူဒီယိုတွေကို သွားရောက် လေ့လာဖို့ ရှိကြောင်းလည်း သိရပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်ပြီး ဒါရိုက်တာ ကိုသူရ ခေါ် ကိုဇာဂနာကို အာရ်အက်ဖ်အေ ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန်။ |