ပန်ဆိုင်းက စစ်ဘေးတိမ်းရှောင် သူတွေကို တင်ဆောင်လာတဲ့ လူမှုရေးယာဉ်တွေ တိုက်ခိုက်ခံရ

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ် လွယ်အင်ကျေးရွာက စစ်ဘေးဒုက္ခသည်တွေကို သွားရောက်ခေါ်ဆောင်လာတဲ့ လူမှုကူညီရေး အသင်းယာဉ်တွေကို ဟိုနောင်ရွာအဝင်မှာ ပစ်ခတ်တိုက်ခိုက် ခဲ့တာကြောင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ပစ်ခတ်တိုက်ခိုက်ခံရတဲ့ လူမှုကူညီရေးအသင်းယာဉ်ကို တွေ့ရစဉ် Photo: မူဆယ်မင်း

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ် လွယ်အင်ကျေးရွာက စစ်ဘေးဒုက္ခသည်တွေကို သွားရောက်ခေါ်ဆောင်လာတဲ့ လူမှုကူညီရေးအသင်းယာဉ်တွေကို ဟိုနောင်ရွာအဝင်မှာ ပစ်ခတ်တိုက်ခိုက် ခဲ့တာကြောင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မူဆယ်မြို့က လူမှုကူညီရေးအသင်းယာဉ် ၅ စီးနဲ့ သွားရောက်ခေါ်ဆောင်ပြီး မူဆယ်မြို့ကို ပြန်အလာမှာ သေနတ်နဲ့ ပစ်ခတ်ခံရတာဖြစ်တယ်လို့ လူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လူမူကူညီရေးအသင်းယာဉ် ၅ စီးထဲက ပါရမီလူမှုကူညီရေးယာဉ်နဲ့ မေတ္တာမွန် လူမှုကူညီရေးယာဉ် နှစ်စီးမှာ သေနတ်ကျည်ထိမှန်ပြီး ဒုက္ခသည်တွေကို ခေါ်ဆောင်လာတဲ့ ကြင်နာနွေးထွေးပရဟိတအဖွဲ့ဝင် အမျိုးသားတစ်ဦး ရင်ဘတ်မှာ သေနတ်ထိမှန်ခဲ့တာဖြစ်ပါတယ်။

အဲဒီယာဉ် ၅ စီးပေါ်မှာ လွယ်အင်ကျေးရွာက စစ်ဘေးတိမ်းရှောင်လာသူ ၅၀ ဝန်းကျင် လိုက်ပါလာတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org