အမေရိကန်ပြည်သူတွေ အချစ်ခင်ဆုံး ပုဂ္ဂိုလ်များ စာရင်းထဲ ဒေါ်အောင်ဆန်းစုကြည် ပါဝင်
အမေရိကန်ပြည်ထောင်စုမှာ လူချစ်လူခင် အများဆုံး ပုဂ္ဂိုလ်များ စာရင်းကို နှစ်စဉ် လူထု သဘောထား ကောက်ခံပြီး ဖေါ်ပြနေတဲ့ Gallup စာရင်းအရ ၂၀၁၀ ခုနှစ် အမေရိကန် ပြည်သူတွေရဲ့ ချစ်ခင်လေးစားမှု အရှိဆုံး နိုင်ငံခြားသူ စာရင်းထဲမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခဲ့ပါတယ်။
-
2010-12-28 -
-
-
ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဗြိတိန်နိုင်ငံက အဲလစ်ဇဘက် ဘုရင်မကြီး၊
ဝန်ကြီးချုပ်ဟောင်း မာဂရက် သက်ချာ တို့လည်း ပါဝင်ပါတယ်။
ပြည်တွင်း လုူပုဂ္ဂိုလ် စာရင်းမှာတော့ အမေရိကန် သမ္မတ Barack Obama နဲ့ နိုင်ငံခြားရေး ဝန်ကြီး
Mrs. Hillary Clinton တို့က စာရင်းရဲ့ ထိပ်ဆုံးမှာ ရှိကြပါတယ်။
သမ္မတ အိုဘားမား ဟာ ရွေးကောက်ခံရတဲ့ ၂၀၀၈ ခုနှစ်က Gallup စာရင်းမှာ ၃၃ ရာနှုန်းရှိခဲ့ပြီး၊
နောက်ပိုင်းမှာ လူကြိုက် နည်းသွားခဲ့တယ် ဆိုပေမဲ့ ဒီနှစ်အတွက် ၂၂ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးမှာ ရှိနေပါသေးတယ်။
Mrs. Hillary Clinton ကတော့ ၁၉၉၂ ခုနှစ် ကတည်းက ပထမ နေရာကို ရခဲ့တာ အခုဆိုရင် (၁၅) ကြိမ်ရှိပြီ ဖြစ်ပါတယ်။
Gallup စာရင်းရဲ့ ဒုတိယနေရာကိုတော့ လာမယ့် ၂၀၁၂ ခုနှစ် သမ္မတ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့်
အလာစကာ ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Sarah Palin က ရရှိပြီး၊ တတိယနေရာကို နာမည်ကျော် ရုပ်မြင်သံကြား
အစီအစဉ်မှူး Oprah Winfrey က ရရှိခဲ့ပါတယ်။