ဒေါ်အောင်ဆန်းစုကြည်နဲ့ လူငယ် ၂၀၀ ကျော် တွေ့ဆုံ
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းနဲ့ ပြည်နယ် အသီးသီးက NLD အဖွဲ့ဝင် မဟုတ်တဲ့ လူငယ် နှစ်ရာကျော်နဲ့ ရွှေဂုံတိုင်လမ်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးကြတယ်လို့ သတင်း ရရှိပါတယ်။
-
2010-12-28 -
-
-
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်မဟုတ်သော လူငယ်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က အမျိုးသား ဒီမိုကရေစီ ရုံးချုပ်တွင် တွေ့ဆုံ ဆွေးနွေးနေစဉ်။
AFP
NLD အဖွဲ့ဝင် မဟုတ်တဲ့ အသက် ၃၅ နှစ်အောက် လူငယ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ဒီကနေ့ဆွေးနွေးပွဲနဲ့
ပတ်သက်ပြီး NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက RFA ကို အခုလို ရှင်းလင်း ပြောဆိုပါတယ်။
"ဒီနေ့ ဆွေးနွေးပွဲကတော့ လူငယ်တွေ မိမိတို့ရဲ့ သဘောထား လွတ်လွတ်လပ်လပ် ပြောနိုင်အောင် ခေါင်းစဉ်မတင်ဘူး။
လူငယ်တွေကလည်း သူတို့ခံစားရတာတွေ၊ သူတို့ရဲ့ သဘောထား၊ သူတို့ သိချင်တာတွေကို ပြောကြပါတယ်။
အဓိက ရည်ရွယ်ချက်ကတော့ ပြည်သူတွေရဲ့ အသံကို သူက ကြားချင်တယ်လို့ ပြောပါတယ်။
NLD မဟုတ်တဲ့
လူငယ်တွေကလည်း ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ချင်ပါတယ် ဆိုပြီး တင်ပြလာတာတွေ ရှိတယ်။
ဒီလို ပြောလာတော့ ဒီကနေ့ တွေ့ဆုံကြတာပါ။"
ဒီကနေ့ဆွေးနွေးပွဲမှာ လူငယ် ကွန်ယက် ဖွဲ့စည်းရေးကိစ္စ၊ ပညာရေး ကိစ္စတွေနဲ့ ဥပဒေရေးရာတွေ အပြင် လက်ရှိ နိုင်ငံရေး
အခြေအနေတွေနဲ့ပတ်သက်ပြီး လူငယ်တွေရဲ့ အခန်းကဏ္ဍတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ လူငယ်တွေ
အပြန်အလှန် ဆွေးနွေးကြတယ်လို့သိရပါတယ်။
ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို မခင်ခင်အိက ဆက်သွယ်မေးမြန်းထားတာကို
နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန်။ |