ဦးသိန်းစိန် အပြောင်းအလဲ တကယ် မြင်ချင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ယူဆ

သမ္မတဦးသိန်းစိန်ဟာ တကယ် အပြုသဘော ဆောင်ပြီး အပြောင်းအလဲတွေကို မြင်ချင်နေတယ်လို့ ယူဆကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားတို့ သြဂုတ်လ ၂၄ ရက် နေ့ ညနေမှာ တွေ့ဆုံ ဆွေးနွေးပြီး သတင်းထောက်တွေရဲ့ အမေးကို ဖြေဆိုနေစဉ်။ ဓါတ်ပုံ - NLD NLD

ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားတို့ ဒီကနေ့ သြဂုတ်လ ၂၄ ရက် နေ့ ညနေမှာ တွေ့ဆုံ ဆွေးနွေးပြီး သတင်းထောက်တွေရဲ့ အမေးကို ဖြေဆိုခဲ့ရာမှာ အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ သတင်းစာ ရှင်းလင်းပွဲ တက်ရောက်ခဲ့တဲ့ သတင်းထောက်တွေရဲ့ သဘောထား အမြင်တွေနဲ့ ပတ်သက်ပြီး Yangon Times Journal အမှုဆောင် အရာရှိချုပ် ဦးကိုကို (စက်မှုတက္ကသိုလ်) ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

သတင်း မီဒီယာတွေရဲ့ ဝေဖန် ပြောဆိုသံတွေကို နားထောင်ရမယ်လို့ အစိုးရက ပြောဆိုပြီး နောက်ပိုင်း လွှတ်တော် အပါအဝင်၊ အစိုးရ ဌာနတွေ၊ နိုင်ငံရေး အင်အားစုတွေကြား သတင်းယူရတဲ့ အခြေအနေ တွေကို မေးမြန်းတဲ့ အခါမှာတော့ ဦးကိုကိုက သတင်းလောကမှာ စည်းမျဉ်း စည်းကမ်းတွေ များနေဆဲ ဖြစ်တဲ့ အတွက် အခက်အခဲတွေ ရှိနေလင့်ကစား အရင်ထက် စာရင် အဆင်ပြေလာတယ်လို့ ဦးကိုကိုက ဆိုပါတယ်။

အသေးစိပ်ကို ဆက်ပြီး နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org