အစိုးရဝန်ကြီး နဲ့ တွေ့ဆုံတဲ့ကိစ္စ အသေးစိတ်ပြောချိန် မရောက်သေး

အစိုးရဝန်ကြီး ဦးအောင်ကြည်နဲ့ မိမိ တွေ့ဆုံခဲ့တဲ့ ကိစ္စတွေကို အသေးစိတ် ထုတ်ပြန်ဖို့ အချိန် မတန်သေးဘူးလို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

၂ဝ၁၁ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့က ပဲခူးမြို့သို့ ရောက်ရှိလာသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပဲခူးလူထုက ဝိုင်းဝန်းကြိုဆိုကြစဉ်။ (Photo: NLD) NLD

သြဂုတ်လ ၁၄ ရက်နေ့က ပဲခူး နဲ့ သနပ်ပင်မြို့တွေကို ခရီးထွက်ခဲ့ရာမှာ ကြိုဆိုခဲ့ကြတဲ့ ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေ ကို ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မိမိနဲ့ အစိုးရဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံခဲ့တာနဲ့ပတ်သက်ပြီး ထုတ်ပြန်ခဲ့တာတွေမှာ အသေးစိတ် မထုတ်ပြန်ဘူး၊ ဘာမှမပါဘူး လို့ တချို့က ပြောဆိုကြကြောင်း၊ ဘာမှ ပါစရာမရှိသေးလို့ မပါသေးတာပါ လို့ပဲ ပြောရမှာ ဖြစ်ကြောင်း၊ အခုအချိန်ထိ အသေးစိတ် မပြောရသေးတာက အသေးစိတ် လုပ်စရာလေးတွေ ရှိနေသေးကြောင်း၊ မိမိအနေနဲ့ ဘာမှ မသေချာ မရေရာသေးဘဲနဲ့ ပြည်သူတွေကို လွဲမှားတဲ့ မျှော်လင့်ချက်တွေ မပေးချင်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဟာ ပဲခူးလူထုကို စကားပြောကြားခဲ့ရာမှာ စိတိဓါတ် ကြံ့ခိုင်ကြဖို့နဲ့ ဒီမိုကရေစီရေး အတွက် အမြဲ အားမွေးနေကြဖို့ တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပဲခူးမြို့မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းကို ဦးဝင်းနိုင် က ကောက်နှုတ် တင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org