သုံးခွမြို့နယ်မှာ ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်

NLDပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တိုင်း သုံးခွမြို့နယ်ကို ဒီကနေ့ညနေ (၆)နာရီလောက် ရောက်ရှိသွားပြီး သုံးခွမြို့နယ်မှာ NLDပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါ်စုစုလွင်အတွက် မဲဆွယ်စည်းရုံး ဟောပြောခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၂ဝ၁၂ ဖေဖော်ဝါရီ ၂၆ ရက်နေ့က သုံးခွမြို့နယ်တွင် ဟောပြောပွဲပြုလုပ်စဉ်။ National League for Democracy

အဲဒီလိုပြောဆိုရာမှာ ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ လွတ်လပ်စွာ မဲပေးပိုင်ခွင့်ကို အပြည့်အဝအလေးထားဖို့လိုကြောင်း ဒီအခွင့်အရေးဟာ ရှားပါးတဲ့အခွင့်အရေးဖြစ်တာကြောင်း ၊ မိမိတို့ရဲ့ မဲတပြားကို အလဟဿ မဖြစ်စေလိုကြောင်း ဟောပြောပါတယ်။

လာမယ့်ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲဟာ(၄၈)နေရာသာ ရှိတယ်ဆိုပေမယ့်အရေးကြီးကြောင်း၊ NLDပါတီအနေနဲ့လဲ ပြည်သူတွေ အကျုးိကို ထမ်းဆောင်ခွင့်ရဖို့ နေရာအားလုံးမှာ အနိုင်ရရေးကြိုးပမ်းသွားမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောဆိုပါတယ်။

ဒါ့အပြင် သုံးခွမြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အခြားပါတီ(၃)ခုရှိပြီး ပါတီတခုခုက ခြိမ်းခြောက်တာဖြစ်ဖြစ် မဲဆွယ်တာပဲ ဖြစ်ဖြစ် ရှိလာရင် အကြောက်တရား မထားကြဖို့လည်း မှာကြားပါတယ်။

သုံးခွမြို့နယ်မှာ NLDပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်မယ့် ဒေါ်စုစုလွင်ဟာ ကွယ်လွန်သွားပြီ ဖြစ်တဲ့ NLD ပါတီ အတွင်းရေးမှူးတဦးဖြစ်သူ ဦးလွင်ရဲ့သမီးဖြစ်ပြီး ပညာရေးဆိုင်ရာ ကျွမ်းကျင်သူတဦးဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org