သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံမှုအပေါ် ဒေါ်အောင်ဆန်းစုကြည် ကျေနပ်အားရ

သောကြာနေ့က သမ္မတဦးသိန်းစိန်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ရတဲ့ ကိစ္စအပေါ် ကျေနပ်အားရ ဖြစ်မိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဦးသိန်းစိန်နဲ့ တနာရီကြာ တွေ့ဆုံ စကားပြောခဲ့ရာမှာ အဆင်ချောမောကြောင်း၊ ဝမ်းသာကျေနပ်ကြောင်း နေပြည်တော်က မထွက်ခွာခင် ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို ပြောသွားတာပါ။

EU ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ အကြီးအကဲ Ms. Catherine Ashton ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြတဲ့အပေါ် သတိနဲ့ ကြိုဆိုလိုက်ကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။

အမျိုးသား ပြန်လည်သင့်မြတ်ရေးဟာ မြန်မာပြည်သူတွေအဖို့ အလွန် အရေးကြီးတဲ့အတွက် အခုခြေလှမ်းကို မိမိတို့က ကြိုဆိုကြောင်း၊ ဒီဆွေးနွေးမှုတွေကနေ ရလဒ်ကောင်းတွေ ထွက်ပေါ်လာလိမ့်မယ်လို့ EU အနေနဲ့ မျှော်လင့်ကြောင်း EU အဖွဲ့ နိုင်ငံခြားရေးရာ တာဝန်ခံ Ms. Ashton ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Michael Mann က ပြောကြားသွားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org