ဒေါ်အောင်ဆန်းစုကြည် လူငယ်တွေကို အားကိုး

မြန်မာနိုင်ငံရဲ့ အနာဂတ်အရေး အတွက် လူငယ်တွေကို အားထားကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

NLD ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ ဦးဝင်းတင်တို့ကို နိုင်ငံရေး အကျဉ်းသားဟောင်းတွေက ဂါရဝပြုကန်တော့ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် စကားပြောနေစဉ်။ NLD Youth

NLD ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ ဦးဝင်းတင်တို့ကို နိုင်ငံရေး အကျဉ်းသားဟောင်းတွေက ဂါရဝပြုကန်တော့ပွဲမှာ အဲဒီလို ပြောကြားလိုက်တာပါ။ လူငယ်တွေအနေနဲ့ ဘဝရဲ့ ဆုံးမ သြဝါဒတွေကို မှန်မှန်ကန်ကန် ခံယူနိုင်ဖို့ အတွက် ကိုယ့်ကိုယ်ကို သွန်သင်ဆုံးမ တတ်ဖို့ အရေးကြီးကြောင်းလည်း ပြောပါတယ်။

တိုင်းပြည်အတွက် အနစ်နာခံ ဆောင်ရွက်ခဲ့ကြတဲ့ လူငယ်လူရွယ်အားလုံးကို သူ့အနေနဲ့ ကျေးဇူးတင်ကြောင်း နဲ့ လူကြီးလူငယ်အပြန်အလှန် နားလည်ပြီး ကျေးဇူးတရား သိတတ်တဲ့ လူကောင်းလူတော်တွေ ဖြစ်အောင် ကြိုးစားကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက် အပြည့်အစုံကို ဒေါ်ခင်ခင်အိ စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org