ပါတီ မှတ်ပုံတင်ဖို့ ဆုံးဖြတ်ချက် ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်းပြောကြား

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည် ပြင်ဆင်ရေး အပါအဝင် အချက် (၃) ချက်အပေါ် အခြေခံပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပါတီ မှတ်ပုံပြန်တင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ မှတ်ပုံပြန်တင်မည့် ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး ၂ဝ၁၁ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့က ရန်ကုန်မြို့ ရွှေဂုံတိုင်ရုံးချုပ်တွင် NLD လူငယ်ရေးရာ တာဝန်ခံ ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်းပြောကြားစဉ်။ National League for Democracy

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ရေးရာ တာဝန်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းနဲ့ပြည်နယ်က လူငယ် အကူအညီပေးရေး အဖွဲ့ဝင်တွေ ရန်ကုန်မြို့ ရွှေဂုံတိုင်ရုံးချုပ်မှာ တွေ့ဆုံစဉ်မှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

“အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ပြန်လည်မှတ်ပုံတင်ပြီးတော့ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ချက်ဟာ ဘာပေါ်မှာ အခြေခံလဲဆိုတော့ ကျမတို့ အရေးအကြီးဆုံး ဘာတွေ မြင်လဲဆိုတာ ကျမ တင်ပြသွားပါတယ်၊ သုံးချက်ပါ။ ဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရေး။ ဒီလို ကြိုးစားနေတာဟာ ကျမတို့ အဖွဲ့ချုပ်အတွက် မဟုတ်ပါဘူး။ ကျမတို့ ယုံကြည်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုကြီး အတွက် ဖြစ်ပါတယ်။ အဲဒီ စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုကြီးကို ထူထောင်သွားနိုင်ဖို့ လုပ်သင့်တယ်လို့ ထင်လို့ ကျမတို့ အဖွဲ့ချုပ်ကို ပြန်လည်ပြီးတော့၊ မှတ်ပုံတင်ပြီးတော့ ရွေးကောက်ပွဲတွေမှာ ဝင်ဖို့ ဆုံးဖြတ်တာ ဖြစ်ပါတယ်”

ဒါ့အပြင် မြန်မာ့ နိုင်ငံရေးပြဿနာ ဖြေရှင်းရာမှာ ဥပဒေ စိုးမိုးရေးကို အရင်ဦးဆုံး အဓိကထား လုပ်ဆောင်သွားဖို့ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ဘာဖြစ်လို့ ဥပဒေ စိုးမိုးရေးကို ပထမဆုံး ထားသလဲဆိုတော့ တခြားကိစ္စတွေက အဲဒါနဲ့ ဆက်နွယ်နေပါတယ်။ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးဆိုတာ ဥပဒေစိုးမိုးရေးနဲ့ ဆိုင်ပါတယ်။ ဥပဒေစိုးမိုးရေး ရှိရင် နိုင်ငံရေးအကျဉ်းသားတွေ ရှိစရာ မရှိပါဘူး။ ဥပဒေ စိုးမိုးရေး မရှိလို့ရှိရင် ပြည်တွင်းငြိမ်းချမ်းရေး ရဖို့ဆိုတာလည်း ခက်ပါတယ်။ ကျမတို့ တိုင်းရင်းသားနယ်မြေတွေမှာ လူ့အခွင့်အရေး ချိုးဖောက်တာတွေကို စုံစမ်းပြီးတော့ သေသေချာချာ ထိန်းသိမ်းနိုင်မှာပါ။ အဲဒီတော့ လူ့အခွင့်အရေး ချိုးဖောက်တာတွေနဲ့ ပတ်သက်လို့ ဘယ်လို လုပ်မလဲလို့ မေးတာတွေဟာ ဒီဟာနဲ့ ဆက်စပ်ပါတယ်။ ဥပဒေ စိုးမိုးရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဆိုတာ ဆက်စပ်နေပါတယ်။ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆိုတာ ဆက်စပ်နေပါတယ်။ ဒါကြောင့်မို့ ကျမတို့ဟာ ဥပဒေစိုးမိုးရေးကို အလေးထားရမှာပါ”

ဒီကနေ့ လူငယ်တွေနဲ့ တွေ့ဆုံပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဌ ဦးတင်ဦး တက်ရောက် အမှာစကား ပြောကြားခဲ့ပြီး တိုင်းနဲ့ပြည်နယ်က လူငယ် ၁၂ဝ ကျော် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒီကနေ့ တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်ပြီး ကိုဉာဏ်ဝင်းအောင်က ကောက်နှုတ် စုစည်းတင်ပြထားပါတယ်။

စုစည်းတင်ပြချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org