ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမေးမြန်းခန်း ပြည်တွင်းဂျာနယ် ဖော်ပြခွင့် ရရှိ

ပြည်တွင်းထုတ် သတင်းဂျာနယ်တွေမှာ ပထမဆုံးအကြိမ်အဖြစ် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းကို ဖော်ပြဖို့ စက်တင်ဘာလ ၄ ရက်နေ့မှာ ဖြန့်ချိမယ့် Messenger သတင်းဂျာနယ်ကို စာပေစိစစ်ရေးအဖွဲ့က ခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။

ပြည်တွင်းထုတ် စာစောင်များတွင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမေးမြန်းခန်းကို ပထမဆုံးအကြိမ် ဖော်ပြခွင့်ရသည့် စက်တင်ဘာလ ၅ ရက် နေ့စွဲဖြင့် ထုတ်ဝေသော Messenger သတင်းဂျာနယ်ပါ ဓာတ်ပုံ။ (Image: RFA) Image: RFA

Messenger သတင်းဂျာနယ်ရဲ့ အယ်ဒီတာအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမေးမြန်းထားတာကို စာပေစိစစ်ရေးအဖွဲ့က မဖြတ်မတောက်ဘဲ ခွင့်ပြုခဲ့တယ်လို့ဆိုပါတယ်။

ဒါနဲ့ ပတ်သက်ပြီး အဲဒီ သတင်းဂျာနယ် တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။

“သူ လွတ်လာပြီးမကြာခင် ၂ဝ၁ဝ ဒီဇင်ဘာလ ကတည်းက အင်တာဗျူး ရထားတဲ့ဟာကို အပတ်စဉ် တင်နေရာကနေ အခုမှ လွတ်လာတာပါ။ သူတို့ ဘာကြောင့် ပေးလိုက်တာလဲတော့ မသိဘူး၊ သူတို့ဘက်က ဘာရှိလဲဆိုတာ။ အပတ်စဉ် အပတ်စဉ် အဲဒါလေးကို တင်လာခဲ့တာ ဒီတပတ်မှ ဖော်ပြခွင့်ရတာပါ”

၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာစဉ်မှာ ပြည်တွင်းဂျာနယ်တွေက တွေ့ဆုံမေးမြန်းပြီး ဖော်ပြဖို့ ကြိုးစားခဲ့ပေမယ့် စာပေစီစစ်ရေးက ခွင့်မပြုခဲ့ပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org