ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ်ကို စည်းရုံးရေးခရီးထွက်

အလုပ်အကိုင်အသစ်တွေ တိုးတက်များပြားလာအောင် ဆောင်ရွက်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးမြို့နယ်ကို ပါတီစည်းရုံးရေး ခရီးစဉ် သွားရောက်စဉ်မှာ ပြည်သူလူထုကို ကတိပေးသွားပါတယ်။

၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂၁ ရက်က ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ် ဒေသခံပြည်သူလူထုကို မိန့်ခွန်းပြောနေစဉ်။ RFA

ဒီကနေ့ မနက်ပိုင်းက ပါတီစည်းရုံးရေး ခရီးစဉ်အဖြစ် ကော့မှူးမြို့နယ် အဖျောက်နဲ့ ဝါးပလောက်သောက် ကျေးရွာတွေမှာ ဒေသခံ ပြည်သူလူထုကို တွေ့ဆုံ မိန့်ခွန်းပြောဆိုခဲ့ပါတယ်။ ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေ တက်ရောက် နားထောင်ခဲ့တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဒေသတွင်း ကျန်းမာရေးနဲ့ ပညာရေး ဖွံ့ဖြိုးမှုတွေအတွက် ဆောင်ရွက်ပေးမယ်လို့လည်း ပြောပါတယ်။ ဒီခရီးစဉ်ဟာ မူလက ရွေးကောက်ပွဲ မဲဆွယ် ခရီးစဉ်ဖြစ်ပေမယ့် ပါတီစည်းရုံးရေး အဖြစ်သာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးပါတီက ကန့်ကွက်ခဲ့တာနဲ့ ပတ်သက်လို့ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချခဲ့ပြီး ဖြစ်ပေမယ့် ဥပဒေအရ ၁၅ ရက် စောင့်ရတာကြောင့် အခုလို ဆောင်ရွက်ရကြောင်း ပုဂ္ဂိုလ်ရေး အရာရှိတစ်ဦးဖြစ်သူ ဦးခွန်သာမြင့်ကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဖေဖော်ဝါရီလ ၂၂ ရက်၂၃ ရက်တွေမှာ ကချင်ပြည်နယ်ကို ပါတီစည်းရုံးရေး ခရီးစဉ်အဖြစ် ကချင်ပြည်နယ်ကို သွားပြီး ပြည်သူတွေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org