ဒေါ်အောင်ဆန်းစုကြည် ကော့မှူးပြည်သူတွေကို သွားရောက်တွေ့ဆုံ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်က ကော့မှူးမြို့နယ် မဆယ်ဆိပ်ကျေးရွာကို သွားရောက်ပြီး ဒေသခံ ပြည်သူတွေကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
-
2012-08-25 -
-
-
မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေဟာ တစ်နေရာနဲ့ တစ်နေရာ တူညီနေကြကြောင်း၊ အလုပ်လက်မဲ့ ပြဿနာ၊ ပညာရေး၊ ကျန်းမာရေးတို့နဲ့ ပတ်သက်ပြီး လုံလုံလောက်လောက် မရှိတဲ့ ပြဿနာများ ဖြစ်ကြောင်း၊ ဒီအခက်အခဲတွေကို ဒေသ မခွဲခြားဘဲ ကူညီပေးမှာ ဖြစ်ကြောင်း၊ တဦးချင်းကို အကူအညီပေးနိုင်မှာ မဟုတ်ပေမဲ့ တတ်နိုင်သမျှ ကူညီသွားမှာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒီတွေ့ဆုံမှုအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မဆည်ဆိပ်ကျေးရွာက ရွှေတံခါး ဘုန်းတော်ကြီးသင် ပညာရေး သင်တန်းကျောင်းကို သွားရောက် လေ့လာခဲ့ပြီး ကွန်ပျူတာတစ်လုံးကို လှူဒါန်းခဲ့ပါတယ်။
အဲဒီနောက် ကော့မှုးမြို့နယ် NLD ရုံးမှာ ပါတီဝင် လူငယ်တွေနဲ့ ပါတီတွင်း ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီကနေ့ ကော့မှူးခရီးစဉ်ဟာ လွှတ်တော်ကိုယ်စားလှယ် တာဝန်ယူပြီးနောက် တတိယ အကြိမ်မြောက် သွားရောက်တဲ့ ခရီးစဉ် ဖြစ်ပါတယ်။