ဂျိုဟန်နက်စဘတ် တက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ မေးဖြေပွဲ ကျင်းပ
တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စဘတ် တက္ကသိုလ်က ကျောင်းသား ကျောင်းသူတွေ အပါအဝင် မြန်မာအရေး စိတ်ဝင်စားသူတွေက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာနက် ဗွီဒီယိုကနေ တဆင့် မနေ့က တိုက်ရိုက် အမေးအဖြေ လုပ်ခဲ့ပါတယ်။
-
2011-10-03 -
-
-
တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စဘတ် တက္ကသိုလ်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၃ ရက်တွင် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့အပ်နှင်းပြီးသည့်နောက် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုက်အမေးအဖြေပြုလုပ်မည့် လူထုပညာပေးအစီအစဉ်သို့ တက်ရောက်နိုင်ကြောင်း ဖိတ်ကြားစာ ဖြစ်ပါသည်။
RFA
မေးခွန်းတွေကို ဖြေဆိုရာမှာ ဒေါ်အောင်ဆန်းစုကြည်က ညီညွတ်ရေးနဲ့ ဒီမိုကရေစီရေးကို ပြီးပြည့်စုံအောင် တည်ဆောက်ရာမှာ ဘယ်လောက် ခက်ခဲတယ် ဆိုတာ မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေက ညွှန်ပြနေကြောင်း၊ အဲဒီလို ပဋိပက္ခတွေ ဖြစ်နေရတဲ့
အကြောင်းရင်း အနေအထားတွေကြောင့် မိမိတို့နိုင်ငံ ပြိုကွဲသွားမှာကို အားလုံးက စိုးရိမ်လိမ့်မယ်လို့ မိမိထင်မြင်ကြောင်း၊ အဲဒီလို အခြေအနေတွေ ဖြစ်ပေါ်နေပေမဲ့လည်း မိမိတို့ရဲ့ နှလုံးသားထဲ၊ စိတ်ဓါတ်ထဲမှာ စစ်မှန်တဲ့ ပြည်ထောင်စုကို ရရှိကြဖို့ ရည်မှန်းထားကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က တောင်အာဖရိက လွတ်မြောက်ရေး လှုပ်ရှားမူကို အားကျတဲ့ အကြောင်း ပြောကြားခဲ့တာ တွေ့ရတယ်လို့ အဲဒီပွဲကို တက်ရောက်ခဲ့သူ တဦးဖြစ်တဲ့ တောင်အာဖရိက နိုင်ငံ အခြေစိုက် မြန်မာနိုင်ငံ လွတ်မြောက်ရေး လှုပ်ရှားမှု FBC အဖွဲ့ဝင်တဦး ဖြစ်တဲ့ ကိုမျိုးနိုင်က RFA ကို
ပြောပြပါတယ်။
ဒီကနေ့မှာတော့ တောင်အာဖရိက နိုင်ငံ ဂျိုဟန်နက်စဘတ် တက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည်ကို အခမ်းအနားနဲ့ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ချီးမြင့်မှာ ဖြစ်ပြီး အဝေးရောက် ညွန့်ပေါင်းအစိုးရ ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းက ကိုယ်စား လက်ခံမှာ ဖြစ်ပါတယ်။
ဒီဆုပေးပွဲ အကြောင်းနဲ့ တောင်အာဖရိက နိုင်ငံရဲ့ မြန်မာနိုင်ငံ အပေါ်ထားရှိတဲ့ သဘောထားတွေနဲ့ ပတ်သက်ပြီး ကိုခင်မောင်စိုးမင်းက ဆက်သွယ် မေးမြန်းတင်ပြထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန်။ |