ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာ ဆက်ဆံရေးဆု ချီးမြှင့်

ဗြိတိန်နိုင်ငံ အခြေစိုက် The Royal Institute of International Affairs နိုင်ငံတကာ ရေးရာ တော်ဝင်အသင်းက နှစ်စဉ် ချီးမြှင့်နေတဲ့ Chatham House Prize ခေါ် နိုင်ငံတကာ ဆက်ဆံရေး ဂုဏ်ပြုဆု အတွက် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်လိုက်ကြောင်း မနေ့က ကြေညာလိုက်ပါတယ်။

ဗြိတိန်နိုင်ငံ အခြေစိုက် The Royal Institute of International Affairs နိုင်ငံတကာ ရေးရာ တော်ဝင်အသင်းက နှစ်စဉ် ချီးမြှင့်နေတဲ့ Chatham House Prize ခေါ် နိုင်ငံတကာ ဆက်ဆံရေး ဂုဏ်ပြုဆု ဖြစ်ပါသည်။ Chatham House

မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ဖေါ်ဆောင်ရေး အတွက် အကြမ်းမဖက် လမ်းစဉ်နဲ့ တစိုက်မတ်မတ် ဦးဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာမှာ ဒီမိုကရေစီနဲ့ တာဝန်သိတဲ့ အစိုးရတွေ ပေါ်ပေါက်ဖို့ လှုပ်ရှားနေကြသူတွေ အတွက် သြဇာ ကြီးမားတဲ့ စံပြပုဂ္ဂိုလ် ဖြစ်ပါတယ်လို့ Chatham House ညွန်ကြားရေးမှုး Robin Niblett က ပြောပါတယ်။

NLD ဒုတိယ ဥက္ကဌ ဦးတင်ဦးကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတ္တိ၊ ဇွဲ၊ ကိုယ်ကျိုးစွန့်မှု၊ ညီညွတ်ရေး ကြိုးပမ်းမှုတွေဟာ မြန်မာပြည်သူတွေ တင်မက ကမ္ဘာ့ပြည်သူတွေရဲ့ နှလုံးသားထဲအထိ စွဲဝင်နေကြတယ် ဆိုတာ အခုလို ဆုတွေ ချီးမြှင့်နေတာက သက်သေပြနေတာမို့ မြန်မာပြည်သူ တစ်ယောက် အနေနဲ့ နှစ်ထောင်းအားရ ဖြစ်ရပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒီဆုကို လက်ခံရရှိတဲ့ အတွက် နိုင်ငံတနိုင်ငံရဲ့ အရေးကိစ္စဟာ နိုင်ငံတကာနဲ့ပါ သက်ဆိုင်နေတယ် ဆိုတဲ့ ပေါင်းကူး ဆက်စပ်မှုကို သတိပေးလိုက်တာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ နိုင်ငံတကာရဲ့ အရေးစိုက်ခံရတာက မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှုကို ကူညီအားပေးရာ ရောက်သလို ဒီလှုပ်ရှားမှုဟာ ငြိမ်းချမ်းရေးနဲ့ လွတ်လပ်ရေး အတွက် လူသားအားလုံးရဲ့ ဆန္ဒကို အထောက်အကူ ဖြစ်စေပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုကြောင်း Chatham House ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

နိုင်ငံတကာ ဆက်ဆံရေးဆု ချီးမြှင့်မယ့် အခမ်းအနားကို လာမယ့် ဒီဇင်ဘာလ (၁) ရက်မှာ ကျင်းပမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း Madeleine Albright က လက်ခံရယူမှာ ဖြစ်ပါတယ်။

ဒီဆုကို မနှစ်က တူရကီ သမ္မတကို ပေးအပ် ချီးမြှင့်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org