ဟီလာရီ ကလင်တန် ခရီးစဉ်ကြောင့် ပြောင်းလဲမှု အရှိန်ပိုရလာမည် ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်
အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မစ္စစ် ဟီလာရီ ကလင်တန်ရဲ့ခရီးစဉ် အတွင်း မြန်မာ အစိုးရ ခေါင်းဆောင်တွေနဲ့ အရေးကြီးတဲ့ အကြောင်းတွေ ဆွေးနွေးကြပြီး နားလည်မှု ရရှိကာ ပြုပြင် ပြောင်းလဲမှုတွေ အရှိန်အဟုန် ပိုရလာလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
-
2011-11-30 -
-
-
အမေရိကန်ပြည်ထောင်စု ဝါရှင်တန် ဒီစီမြို့တော်တွင် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့က ပြုလုပ်သည့် Council of Foreign Relations နိုင်ငံခြားရေး မူဝါဒအဖွဲ့ ပညာရှင်များနှင့် ဗီဒီယိုက တဆင့် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးခဲ့ပြီး မေးမြန်းချက်များကို ပြန်လည် ဖြေကြားရှင်းလင်းခဲ့ပါသည်။
RFA
အမေရိကန်ပြည်ထောင်စု ဝါရှင်တန် ဒီစီမှာ ပြုလုပ်တဲ့ Council of Foreign Relations နိုင်ငံခြားရေး မူဝါဒ ပညာရှင်များ စည်းဝေးပွဲ အတွင်း ဗီဒီယိုက တစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်က မိမိအနေနဲ့ တွေ့ဆုံ ဆွေးနွေးမှုကို ယုံကြည် လက်ခံသူ ဖြစ်တဲ့ အတွက် အမေရိကန် အစိုးရနဲ့ မြန်မာ
အစိုးရတို့ အခုလို ဆွေးနွေးကြတာကို ဝမ်းမြောက် ဝမ်းသာ လက်ခံကြောင်း မနေ့က ပြောသွားပါတယ်။
အစိုးရ အရာရှိတွေ၊ အသိပညာရှင်တွေ၊ စာနယ်ဇင်းသမားတွေ အပါအဝင် စုစုပေါင်း ပရိသတ် ၂၀၀ ကျော်ခန့် တက်ရောက်ကြတဲ့ အဲဒီ စည်းဝေးပွဲမှာ တက်ရောက်လာသူများက မြန်မာနိုင်ငံ အခြေအနေ အရပ်ရပ်နဲ့ ပတ်သက်လို့ မေးမြန်းကြတာတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က
ပြန်လည် ဖြေကြားသွားပါတယ်။
အဲဒီ နိုင်ငံခြားရေး မူဝါဒ ပညာရှင်များ စည်းဝေးပွဲ မှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားသွားတဲ့ အချက်အလက်တချို့ကို အာအက်ဖ်အေ အဖွဲ့သား ဦးခင်မောင်ညိန်းက ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန်။ |