ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် မုံရွာမှာ အခမဲ့ဆေးခန်း ဖွင့်လှစ်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရဲ့(၆၇) နှစ်မြောက် မွေးနေ့မှာ မုံရွာမြို့နယ် NLD အဖွဲ့ဝင်တွေရဲ့ ဦးဆောင်မှုနဲ့ ပြည်သူလူထုပါဝင်ပြီး သလ္လာရပ်ကွက် မှာ ပြည်သူ့ စေတနာ အခမဲ့ဆေးခန်းကို မနေ့က ဖွင့်လှစ်လိုက်ပါ တယ်။
-
2012-06-20 -
-
-
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကုသိုလ်အဖြစ် NLD အဖွဲ့ဝင်တွေက အရုဏ်ဆွမ်း လောင်းလှူပြီး နေ့လည်ပိုင်းမှာ ပြည်သူ့စေတနာ အခမဲ့ ဆေးခန်းကို ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။
ဆေးခန်းကို ကဗျာရွတ်ပွဲနဲ့ ဖွင့်လှစ်ခဲ့ရာမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သို့ဆိုတဲ့ ကဗျာကို ကိုနေငယ် (မုံရွာ) က ရွတ်ဆိုပြီး ၆၇ နှစ်သော ခရီးရှည် ကဗျာကို ကဗျာဆရာ အောင်နေမျိုးက ရွတ်ဆိုခဲ့ပါတယ်။
ဆေးခန်းဖွင့်ပွဲကို ဧည့်ပရိတ်သတ် (၁၀၀) ကျော် တက်ရောက်ခဲ့ ကြပါတယ်။ ပြည်သူ့စေတနာ ဆေးခန်းကို ဆရာဝန် (၁၇) ဦးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေ စတင်နေပြီလို့ သိရပါတယ်။