အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး မြန်မာနိုင်ငံ လာမည်

အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Daniel Russel ဟာ စက်တင်ဘာ လအတွင်း မြန်မာ၊ တရုတ်နဲ့ မွန်ဂိုလီးယားနိုင်ငံတွေကို သွားရောက်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာန အရှေ့အာရှဆိုင်ရာ ထိပ်တန်းသံတမန် Daniel Russel ကို တွေ့ရစဉ် Photo: fpc.state.gov

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Russel ဟာ စက်တင်ဘာလ အတွင်း မြန်မာ၊ တရုတ်နဲ့ မွန်ဂိုလီးယားနိုင်ငံတွေကို သွားရောက်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာလ ၃ ရက်ကနေ ၅ ရက်အထိ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နေပြည်တော် နဲ့ ရန်ကုန်ကို သွားရောက် ပြီး မြန်မာအစိုးရ၊ ဒေါ်အောင်ဆန်းစုကြည်၊ အရပ်ဘက်လူမှု အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ အဲသလိုတွေ့ဆုံရာမှာ နိုဝင်ဘာ ၈ ရက် နေ့မှာကျင်းပမယ့် ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ၊ လူ့အခွင့်အရေး ပိုမိုတိုးတက်လာရေးတွေအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ အားပေးကူညီ မှုတွေနဲ့ ပတ်သက်ပြီးဆွေးနွေးမယ်လို့ သိရပါတယ်။

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Russel ဟာ စက်တင်ဘာ ၆ ရက်ကနေ ၈ ရက်အထိ တရုတ်ပြည်၊ စက်တင်ဘာ ၈ ရက် ကနေ ၉ ရက်နေ့ အထိ မွန်ဂိုလီးယားနိုင်ငံတွေကို သွားရောက်မှာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org