ငြိမ်းစုစီ ဥပဒေကြမ်းကို ဖျက်သိမ်းရေး လှုပ်ရှားမှုပြုလုပ်

ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဖျက်သိမ်းပေးဖို့ အတွက် အရပ်ဖက်အဖွဲ့တွေ၊ တစ်သီးပုဂ္ဂလပါဝင်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းစုစီ ဥပဒေ ပြင်ဆင်တဲ့ ဥပဒေမူကြမ်း ဖျက်သိမ်းရေးကော်မတီက ရန်ကုန်မြို့မှာ ဒီနေ့ စတစ်ကာဖြန့်ဝေတဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

ငြိမ်းစုစီဥပဒေကြမ်းကို အရပ်ဖက်အဖွဲ့အစည်းတွေ ၂၀၁၈ ခုနှစ် မတ်လ ၅ ရက်နေ့က ရန်ကုန်မြို့မှာ ကန့်ကွက်ဆန္ဒပြစဉ် Photo: Htet Arkar/RFA

ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဖျက်သိမ်းပေးဖို့အတွက် အရပ်ဖက်အဖွဲ့တွေ၊ တစ်သီးပုဂ္ဂလပါဝင်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းစုစီ ဥပဒေပြင်ဆင်တဲ့ ဥပဒေမူကြမ်း ဖျက်သိမ်းရေးကော်မတီက ရန်ကုန်မြို့မှာ ဒီနေ့ စတစ်ကာဖြန့်ဝေတဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲ အဆက်အနေနဲ့ ပြည်သူတွေသိရှိအောင် လူထုကြားမှာ လှုပ်ရှားမှုပြုလုပ်တာ ဖြစ်တယ်လို့ အဲဒီကော်မတီရဲ့ ဦးဆောင်ကော်မတီဝင် မအိအိမိုး က ပြောပါတယ်။

"ဒီနေ့ လုပ်တာကတော့ ၅ ရက်နေ့မှာဆိုရင် ငြိမ်းစုစီ ဥပဒေပြင်ဆင်ရေး ဥပဒေကြမ်းကို ဖျက်သိမ်းပေးဖို့အတွက် ချီတက်ပြီးတော့ ဆန္ဒထုတ်ဖော် တောင်းဆိုထားတာရှိတယ်၊ အဲဒီရဲ့ အဆက်အနေနဲ့ ဒီနေ့မှာဆိုရင် လူထုကြားထဲ ကိုပေါ့၊ စတောကာ Campaign လုပ်တာဖြစ်ပါတယ်၊ စတေကာတွေ ကပ်တယ်၊ ကားတွေမှာ ဆိုရင်လည်း စတေကာတွေ ဝေတယ်၊ လူထုတွေကြားထဲကို ကျမတို့ ဒီစတေကာတွေ ဝေတယ်ပေါ့နော်"

ဒီနေ့ ညနေ ၃ နာရီကစပြီး လှည်းတန်း ဦးထွန်းလင်းခြံလမ်းကနေ သမိုင်းအထိ လမ်းလျှောက်ကာ လူဦးရေ ၅၀ လောက်ပါဝင်ပြီး စတစ်ကာဖြန့်ဝေတဲ့ လှုပ်ရှားမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဲဒီဥပဒေကြမ်းဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိန်းချုပ်ရာရောက်တယ်ဆိုပြီး ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့က နိုင်ငံရေး၊ လူမှုရေး၊ လူ့အခွင့်အရေး၊ တောင်သူလယ်သမား အလုပ်သမားအရေးနဲ့ ဒီမိုကရေစီအရေး လှုပ်ရှားဆောင်ရွက်နေတဲ့ အရပ်ဖက်အဖွဲ့ ၂၀၀ ကျော်က ဦးဆောင်ပြီး လူဦးရေ ၅၀၀ ကျော်က ရန်ကုန်မြို့မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

အလားတူ အဲဒီဥပဒေကြမ်းကို ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ အပါအဝင် ပါတီ ၂၁ ခုကလည်း ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန် ထားပါတယ်။

အဲဒီလို ကန့်ကွက်မှုတွေရှိနေပေမယ့် မတ်လ ၇ ရက်နေ့မှာ အမျိုးသားလွှတ်တော်က မဲခွဲပြီး အဲဒီဥပဒေကြမ်းကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

အဲဒီဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ တပ်မတော်သား ကိုယ်စားလှယ် ၆၀ အပါအဝင် ကိုယ်စားလှယ် ပေါင်း ၈၀ ခန့်က မကြာခင် ဆွေးနွေးတော့မှာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org