ဘူးသီးတောင်မှာ လက်နက်ကြီးကြောင့် ရိုဟင်ဂျာ လေးဦး သေဆုံး၊ ၁၅ ဦးခန့် ဒဏ်ရာရ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ပေါ်က ရိုဟင်ဂျာတွေခိုလှုံနေတဲ့ စာသင်ကျောင်းကို မေလ ၄ ရက်နေ့မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် လူလေးဦး သေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မစျေးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့က တွေ့ရစဉ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ပေါ်က ရိုဟင်ဂျာတွေခိုလှုံနေတဲ့ စာသင်ကျောင်းကို မေလ ၄ ရက်နေ့မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် လူလေးဦး သေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ ဒဏ်ရာရထားတဲ့သူတွေကို ဘူးသီးတောင်မြို့နယ်က စစ်ကောင်စီတပ်ရဲ့ ဆေးရုံတစ်ခုမှာ ကုသနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အဲဒီလက်နက်ကြီးကျည်ကတော့ AA က ပစ်တာလား၊ စစ်ကောင်စီတပ်က ပစ်တာလားဆိုတာကို အတိအကျ မသိရပါဘူး။ လေးယောက်ကတော့ ပွဲချင်းပြီးသေတယ်။ ဒဏ်ရာရတဲ့လူတွေကတော့ စစ်ကောင်စီတပ်ဆေးရုံမှာပါ။ ဒဏ်ရာရတဲ့လူတွေရဲ့ အခြေအနေကိုတော့ ဘာမှမသိရသေးဘူး”

စစ်ကောင်စီကတော့ အခုလက်နက်ကြီးပစ်ခတ်မှုကို ရက္ခိုင့်တပ်တော် (AA) ပြုလုပ်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ဘူးသီးတောင်မြို့နယ်မှာ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အပါအဝင် တပ်ရင်းငါးရင်းကို AA ကသိမ်းပိုက်ထားပြီး ကျန်စစ်တပ်စခန်းတွေကို ထပ်မံထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org