ဘန်ကောက်မှာ မြန်မာလူငယ် ၁၅ ဦး အဖမ်းခံရ

ဘန်ကောက်မြို့ ဝမ်းထော်လန်းမြို့နယ်မှာရှိတဲ့ Big C လက်ဖရာအိုစျေးကြီးထဲက အနှိပ်ခန်းတစ်ခုမှာ တရားမဝင်အလုပ်လုပ်နေတဲ့ မြန်မာလူငယ် ၁၅ ဦးကို ထိုင်းလူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့က ဖမ်းလိုက်တယ်လို့ ဒေသတွင်းသတင်းတွေမှာ မတ်လ ၃၁ ရက်နေ့က ဖော်ပြထားပါတယ်။

ထိုင်းလူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့ ဖမ်းဆီးလိုက်သည့် အနှိပ်ခန်းတစ်ခုတွင် တရားမဝင် အလုပ်လုပ်နေသည့် မြန်မာလူငယ်များအား တွေ့ရစဉ်။ The Pattaya News

ဘန်ကောက်မြို့ ဝမ်းထော်လန်းမြို့နယ်မှာရှိတဲ့ Big C လက်ဖရာအိုစျေးကြီးထဲက အနှိပ်ခန်းတစ်ခုမှာ တရားမဝင်အလုပ်လုပ်နေတဲ့ မြန်မာလူငယ် ၁၅ ဦးကို ထိုင်းလူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့က ဖမ်းလိုက်တယ်လို့ ဒေသတွင်းသတင်းတွေမှာ မတ်လ ၃၁ ရက်နေ့က ဖော်ပြထားပါတယ်။

အဲဒီအနှိပ်ခန်းက လိင်ဖျော်ဖြေရေးလုပ်ငန်း လျှို့ဝှက်လုပ်နေတယ်လို့ အမည်မဖော်လိုတဲ့သူတစ်ဦးက သတင်းပေးတဲ့အတွက် ဝင်စစ်ဆေးတဲ့အခါ သူတို့ကိုဖမ်းမိတာလို့ ဆိုပါတယ်။

အဲဒီမြန်မာလူငယ် ၁၅ ဦးဟာ ထိုင်းနိုင်ငံထဲကို တရားမဝင်ရောက်နေတဲ့သူတွေဖြစ်သလို၊ တရားဝင် အလုပ်လုပ်ခွင့်လည်း မရှိတာတွေ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒါကြောင့် သူတို့ကိုအလုပ်ခန့်ထားတဲ့ ဆိုင်ပိုင်ရှင်ကိုလည်း တရားစွဲမယ်လို့ ဆိုပါတယ်။

အဲဒီအပြင် လိင်ဖျော်ဖြေရေးလုပ်ငန်းမှာ ဒီမြန်မာလူငယ်တွေ ပါဝင်ပတ်သက်မှု ရှိ၊ မရှိ စစ်ဆေးမယ်လို့ ရဲက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org