The Voice အမှုအတွက် ချုပ်ရမန် ယူ

ရန်ကုန်မြိ့ ဗဟန်းမြို့နယ် ရဲစခန်းမှာ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ)နဲ့ အဖမ်းခံထားရတဲ့ The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ ဆောင်းပါး ရှင် ဗြိတိသျှကိုကိုမောင်တို့ကို ရဲတပ်ဖွဲ့က ဆက်လက် ဖမ်းဆီးထားဖို့အတွက် ရုံးပိတ်ရက်ဖြစ်တဲ့ ဒီကနေ့ စနေနေ့မှာပဲ ချုပ်ရမန်ယူလိုက်တယ်လို့ ဖမ်းဆီးခံ ထားရသူတွေရဲ့ ရှေ့နေ ဦးခင်မောင်မြင့်က ပြော ပါတယ်။

The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ ကို တွေ့ရစဉ်

ရန်ကုန်မြိ့ ဗဟန်းမြို့နယ် ရဲစခန်းမှာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)နဲ့ အဖမ်းခံထားရတဲ့ The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ ဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင်တို့ကို ရဲတပ်ဖွဲ့က ဆက်လက်ဖမ်းဆီးထားဖို့ အတွက် ရုံးပိတ်ရက်ဖြစ်တဲ့ ဒီကနေ့ စနေနေ့မှာပဲ ချုပ်ရမန်ယူလိုက်တယ်လို့ ဖမ်းဆီးခံထားရသူတွေရဲ့ ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။

အဲဒီလို ရမန်ယူတာကို ဦးကျော်မင်းဆွေ တို့ဘက်ကနေ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေဆီ အကြောင်း ကြားတာ မရှိခဲ့ဘူးလို့ ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။

"အခုနေ့လည် ၁ နာရီမှာ ချုပ်ရမန်ကို ဗဟန်းမြို့နယ် တရားရုံးမှာ  ယူလိုက်တယ်လို့ ကျနော်တို့ ကြားသိ ရပါတယ်။ သိရတာပဲရှိတယ်။ ကျနော်တို့ကို  အကြောင်းကြားခြင်းတော့ မရှိဘူး။ တရားရုံးလက်စွဲ မှာတော့ ရုံးဖွင့်တာတွေနဲ့  ပတ်သက်လို့ပေါ့၊ သူက လိုအပ်ခဲ့လို့ရှိရင် အချိန်မရွေးတရားရုံးကို  ဖွင့်လှစ်နိုင်တယ်လို့ ဆိုသော်လည်းပဲ အထူးအရေးကြီး ကိစ္စရပ်မရှိဘူးဆိုရင်  စနေတနင်္ဂနွေနဲ့ ရုံးပိတ်ရက်တွေမှာ ဆောင် ရွက်ခွင့်မရှိဘူးလို့  ပြဌာန်းထားပါတယ်။ ပုံမှန်အားဖြင့်တော့ ဒါက သာမာန်အမှုပါပဲ။  ဒါအထူးအရေးကြီးတဲ့ အမှုတော့မဟုတ်ပါဘူး"

အခုလို ရုံးပိတ်ရက်မှာ ရမန်ယူလိုက်တာဟာ အဖမ်းဆီးခံထားရတဲ့ ဦးကျော်မင်းဆွေနဲ့ ဗြိတိသျှကိုကိုမောင် တို့အတွက် အာမခံရယူပိုင်ခွင့် ဆုံးရှုံးပြီး မီဒီယာကို ပြောဆိုခွင့်လည်း ဆုံးရှုံးတယ်လို့ ပြောပါတယ်။

ဦးကျော်မင်းဆွေနဲ့ ဗြိတိသျှကိုကိုမောင်တို့ကို လာမယ့် ဇွန် ၈ ရက်နေ့မှာ ရုံးထုတ်စစ်ဆေးဖို့ ရုံးချိန်းသတ်မှတ်ပေး လိုက်တယ်လို့လည်း သိရပါတယ်။

ဒီနေ့နဲ့ မနက်ဖြန်ဟာ ရုံးပိတ်ရက် စနေနဲ့ တနင်္ဂနွေဖြစ်တာကြောင့် ဖမ်းဆီးခံထားရသူတွေကို အင်းစိန် အကျဉ်းထောင်ကို ပို့မှာတော့ မဟုတ်သေးဘဲ ဗဟန်းရဲစခန်းမှာပဲ ဆက်ထားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၆ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာမှာ တပ်မတော်က ရိုက်ကူးထားတဲ့ ပြည်ထောင်စု သစ္စာဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ကျည်ထောင်စုသစ္စာဆိုတဲ့ ခေါင်းစဉ်နဲ့ သရော်စာဖော်ပြခဲ့တဲ့အတွက် တပ်မတော် က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ အမှုဖွင့်လိုက်တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org