The Voice အယ်ဒီတာချုပ်နဲ့ ဆောင်းပါးရှင်ကို ဖမ်းဆီး

The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ ဆောင်းပါးရှင် ဗြိတိသျှ ကိုကိုမောင် တို့ကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရဲစခန်းက ၆၆(ဃ)နဲ့ ဖမ်းဆီးလိုက်ပါတယ်။

The Voice နေ့စဉ် သတင်းစာမှာ "ပြည်ထောင်စုသစ္စာ" ရုပ်ရှင်ဇာတ်ကားကို "ကျည်ထောင်စုသစ္စာ" ခေါင်းစဉ်နဲ့ သရော်စာရေးသား ထားတာကို တွေ့ရစဉ် .

The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ ဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင် တို့ကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရဲစခန်းက ၆၆(ဃ)နဲ့ ဖမ်းဆီးလိုက်ပါတယ်။

ဒီနေ့နေ့ခင်းလောက်က ဗဟန်းရဲစခန်းက လာရောက်ပြီး မေးခွန်း ၃ ခုလောက်မေးစရာရှိလို့ လိုက်ခဲ့ပါဆိုပြီး လာခေါ်လို့လိုက်လာတာလို့ The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ က ပြောပါတယ်။

"မေးခွန်း ၃ ခုလောက် မေးစရာရှိလို့ပါတဲ့ မဖမ်းပါဘူးတဲ့ အရင်ရက်ကလည်း သက်ဆိုင်ရာ ရဲမှူးကြီး အဆင့်က ပြောတယ်၊ ကျနော်တို့ကို လုံးဝမဖမ်းပါဘူး ရဲလုပ်ထုံးလုပ်နည်းအရ လုပ်စရာလေးတွေ ရှိတယ်လို့ပဲပြောတာပေါ့၊ အခုလည်းဒီနေ့လည်း အဲလိုပဲ မေးစရာလေး ၃ ခုရှိတယ်၊ ရောက်တဲ့အချိန် မှ ပြန်မလွှတ်တော့ဘူးလို့ပြောတယ်"

ဗဟန်းရဲစခန်းမှာ ညနေပိုင်းအချိန်ရောက်တဲ့အထိ ဘာမေးခွန်းမှ မမေးသေးဘဲ မြို့နယ်မှူးက အထက် အမိန့်ကြောင့် ပြန်မလွှတ်သေးတာလို့ပြောကြောင်း ဦးကျော်မင်းဆွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့ထုတ် The Voice နေ့စဉ် သတင်းစာမှာ တပ်မတော်က ရိုက်ကူးတဲ့ "ပြည်ထောင်စု သစ္စာ" ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကို "ကျည်ထောင်စုသစ္စာ" ဆိုတဲ့ခေါင်းစဉ်နဲ့ သရော်စာရေးသား ဖော်ပြခဲ့ပါတယ်။

အဲဒီလိုဖော်ပြခဲ့တဲ့အတွက် တပ်မတော်ဘက်က အဲဒီသရော်စာနဲ့ ပတ်သက်ပြီး ပြန်လည်ဖြေရှင်းပေးဖို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီကို ဧပြီလ ၂၅ ရက်နေ့က တိုင်ကြားထားပြီးနောက်မှာ မေလ ၁၇ ရက် နေ့က ပုဒ်မ ၆၆ (ဃ)နဲ့ အမှုဖွင့်လိုက်တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org