တပ်မတော်က တရားစွဲဆိုတာတွေကို ကန့်ကွက်တဲ့ လှုပ်ရှားမှု ဆောင်ရွက်မည်

တပ်မတော်က သတင်းမီဒီယာတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို တရားစွဲဆိုထားတဲ့ အပေါ် ဆန့်ကျင်တဲ့ လှုပ်ရှားမှုတစ်ခုကို မေလ ၁၇ ရက်နေ့ကစပြီး ဆောင်ရွက်သွားမယ်လို့ အသံအဖွဲ့က ဒါရိုက်တာ မောင်ဆောင်းခက RFA ကို ပြောပါတယ်။

၂၀၁၉၊ မတ် ၃၁ ရက်နေ့ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ထောက်ခံကြိုဆိုပွဲမှာ ဇွဲအငြိမ့်အဖွဲ့ရဲ့ သရုပ်ပြကွက်အချို့ကို တွေ့ရစဉ် ဓါတ်ပုံ - ဇွဲအငြိမ့်

တပ်မတော်က သတင်းမီဒီယာတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို တရားစွဲဆိုထားတဲ့အပေါ် ဆန့်ကျင်တဲ့ လှုပ်ရှားမှုတစ်ခုကို မေလ ၁၇ ရက်နေ့ကစပြီး ဆောင်ရွက်သွားမယ်လို့ အသံအဖွဲ့က ဒါရိုက်တာ မောင်ဆောင်းခက RFA ကို ပြောပါတယ်။

တပ်မတော်နဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့၊ ဇွဲအငြိမ့်၊ အလင်္ကာကြယ် ဆရာတော် ဦးသောဘိတနဲ့ သတင်း မီဒီယာတချို့ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅ဝ၅၊  ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ တို့နဲ့ အမှုဖွင့်တရားစွဲဆိုထား တာဖြစ်ပါတယ်။

ပထမအဆင့် လှုပ်ရှားမှုအနေနဲ့ တပ်မတော်က လက်ရှိတရားစွဲဆိုထားတဲ့ အမှုတွေကို အမြန်ဆုံးပြန်လည် ရုပ်သိမ်းပေးရေး တောင်းဆိုထားတဲ့ အိတ်ဖွင့်ပေးစာတစ်စောင်ကို မေလ ၁၄ ရက်နေ့ မနက်ဖြန်မှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှှိုင်ထံ ပေးပို့သွားမှာဖြစ်တယ်လို့လည်း မောင်ဆောင်းခက ပြောပါတယ်။

ဒုတိယအဆင့်အနေနဲ့ မေလ ၁၇ ရက်နေ့ကစပြီး တပ်မတော်ရဲ့ တရားစွဲဆိုမှုတွေ ပြန်လည်ရုပ်သိမ်းပေးဆိုတဲ့ စာတမ်းပါတဲ့ အပြာရောင် တီရှပ်တွေ ဝတ်ဆင်ပြီး တပ်က တရားစွဲဆိုထားတဲ့ တရားရုံးချိန်းတွေမှာ သွားရောက်ကာ တရားစွဲခံရတဲ့သူတွေကို ဝန်းရံတဲ့ Blue Shirt လှုပ်ရှားမှုတွေ ဆောင်ရွက်သွားမယ်လို့ မောင်ဆောင်းခ က ဆိုပါတယ်။

ဒါ့အပြင်  တရားမျှတမှုမရှိတဲ့ ဥပဒေတွေ ဆက်လက်ရှင်သန်နေတဲ့အတွက် ဒီဥပဒေတွေကို  လွှတ်တော်ကိုယ်စား လှယ်တွေအနေနဲ့ ပြင်ဆင်ပေးဖို့ တောင်းဆိုတဲ့ စာတွေကိုလည်း သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်အားလုံးနဲ့ လွှတ်တော်ကော်မတီတွေထံ မေလ ၁၅ ရက်နေ့မှာ ပေးပို့မယ်လို့ မောင်ဆောင်းခက ပြောပါတယ်။

တပ်မတော်ရဲ့ တရားစွဲဆိုမှုတွေကို တုံ့ပြန်ဖို့ တရားစွဲခံထားရသူတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ ပါဝင်တဲ့ အထူးအစည်းအဝေးကို ရန်ကုန်မြို့မှာ မေလ ၁၁ ရက်နေ့က ကျင်းပခဲ့ပြီး အဲဒီအစည်းအဝေးကနေ အခုလို လှုပ်ရှားမှုတွေဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org