တိုက်ပွဲအတွင်း ပိတ်မိနေသူတွေကို သွားရောက်ခေါ်ဆောင်

ကချင်ပြည်နယ် တနိုင်းဒေသက ပယင်းမှော်တွေတဝိုက်မှာ တပ်မတော်နဲ့ ကေအိုင်အေ တပ်ဖွဲ့တွေ အကြား အခုရက်ပိုင်းအတွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပိတ်မိနေသူခန့်မှန်း ၃ ထောင်ကျော် ကို တနိုင်းအခြေစိုက် ဒေသကွပ်ကဲရေးစစ်ဋ္ဌာနချုပ်က ဒီနေ့ သွားရောက်ခေါ်ဆောင်နေတယ်လို့ တနိုင်းမြို့ခံ ဦးစောမင်းအောင်က ပြောပါတယ်။

တနိုင်းမြို့နယ်အတွင်းက တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့သူတွေကို ၂၁၀၈ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့က တွေ့ရစဉ် .

ကချင်ပြည်နယ် တနိုင်းဒေသက ပယင်းမှော်တွေတဝိုက်မှာ တပ်မတော်နဲ့ ကေအိုင်အေ တပ်ဖွဲ့တွေအကြား အခုရက်ပိုင်းအတွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပိတ်မိနေသူ ခန့်မှန်း ၃ ထောင်ကျော်ကို တနိုင်းအခြေစိုက် ဒေသကွပ်ကဲရေးစစ်ဋ္ဌာနချုပ် က ဒီကနေ့ သွားရောက်ခေါ်ဆောင်နေတယ်လို့ တနိုင်းမြို့ခံ ဦးစောမင်းအောင်က  ပြောပါတယ်။

တနိုင်းချောင်း နဲ့ နမ်ကွမ်းချောင်းဆုံတဲ့ ချောင်းဆုံ အပေါက်ဝ ကနေ တပ်မတော်က စက်လှေ ၅ စီး နဲ့ ဒီကနေ့ နေ့လည်ပိုင်းမှာ သွားရောက်ခေါ်ဆောင်နေတာလို့ တနိုင်းမြို့ခံ ဦးစောမင်းအောင် က ပြောပါတယ်။

ပိတ်မိနေသူတွေအတွက် တနိုင်းမြို့ပေါ်က စေတနာရှင်တချို့က ထမင်းထုပ်တွေ စီစဉ်ထားတယ်လို့ သိရပါတယ်။

တနိုင်း-ဟူးကောင်းဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း လက်နက် ထိမှန်မှုတွေနဲ့အတူ မိုင်းနင်းမိမှုတွေ ကြောင့် လူတွေ ထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။

တနိုင်းဒေသမှာ တရားမဝင် ရွှေ နဲ့ ပယင်း တူးဖော်လို့ နိုင်ငံတော်ရဲ့ သယံဇာတတွေ ဆုံးရှုံးနေတဲ့အတွက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှာဖြစ်တာကြောင့် အဲဒီဒေသမှာ လုပ်ကိုင်နေသူတွေအနေနဲ့ ထွက်ခွာပေးဖို့ဆိုပြီး တပ်မတော်က ပြီးခဲ့တဲ့နှစ် ဇွန်လအတွင်းက ရဟတ်ယာဉ်ပေါ်ကနေ စာတွေကြဲချပြီး အသိပေးခဲ့ပါတယ်။

အဲဒီလို အသိပေးပြီးခဲ့ပြီးနောက်ပိုင်း တပ်မတော် နဲ့ ကေအိုင်အေအကြား နှစ်ဘက် စစ်ရေးလှုပ်ရှားမှုတွေနဲ့အတူ ဒီကနေ့အထိ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။

တနိုင်းဒေသမှာ မြန်မာနိုင်ငံအနှံ့က တိုင်းရင်းသား ပြည်သူတွေဟာ ရွှေနဲ့ ပယင်း တူးဖော်ရေးတွေမှာ လာရောက် လုပ်ကိုင်နေကြတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org